________________

" မခေါ်လို့မရဘူးလား ။ ဘာဖြစ်လို့ ရိပေါ်ကိုမှလဲ"

"..."

"ရိပေါ် ...ဒီကောင်လေး သေချင်တယ် လို့ပြောတယ် ၊ပြီးတော့...ပြီးတော့ မလုပ်ဖူးတဲ့အရာတွေကို လုပ်နေတယ်"

မန်နေဂျာ ရှင်းက ‌သက်ပြင်းချလို့ ဖတ်လက်စ သတင်းစာကို ခုံပေါ်ပစ်တင်ပြီး ရှောင်းကျန့်ကို
မော့ကြည့်လာတယ် ။

"သေမင်းတွေက လူသားဘဝကို ဝင်စွက်ဖက်ခွင့်
မရှိဘူး။ ပြီးတော့ မင်း...ဝိဉာဏ်ဘဝနဲ့ ယောင်လည်လည်ဖြစ်နေမဲ့ မင်းကို သေမင်းဘဝ သွင်းပေးထားရတာ လွယ်ကူတယ်များ
ထင်နေတာလား ။ မင်းရဲ့အရေးကြီးဆုံး ကိစ္စကိုတောင် မဖော်ထုတ်နိုင်ပဲနဲ့ ..."

" မှတ်မိနေတာ သူတစ်ယောက်တည်းပဲ ရှိတာကို.."

ရှောင်းကျန့်ကခေါင်းကိုငုံ့လို့ ခပ်တိုးတိုးဆိုတယ် ။မန်နေဂျာရှင်းက သက်ပြင်းသာအကြိမ်ကြိမ်ချလို့ ဂရုဏာသက်စွာ ကြည့်တယ်။

" အဲ့ဒီကောင်လေး ..ဝမ်ရိပေါ် ဒီနှစ်ထဲမှာမှ သူ့ကို အထက်ကိုမပို့ရင် အချိန်တွေအကြာကြီး အသက်ရှင်သွားရမှာ ။ ဒါပေမယ့် အထက်က သူ့ကိုပို့စေချင်တယ်"

"ရှုပ်ထွေးလိုက်တာ ။ ဘာလို့ ဝမ်ရိပေါ်လဲ ။ ဒီတိုင်းလေးပဲ ဘေးကနေစောင့်ကြည့်နေလို့မရဘူးလား"

"ရှောင်းကျန့် !"

မန်နေဂျာရှင်း အော်လိုက်‌တာကြောင့် ရှောင်းကျန့်
ခန္ဓာကိုယ်လေး တုန်ယင်သွားသော်လည်း

"အကယ်၍ သူ သေခဲ့ရင် ..
ကျွန်တော် ဘဝကူးပေးမယ် "

မန်နေဂျာရှင်းက ရှောင်းကျန့်ကို တည်ငြိိမ်စွာ ပြောင်းလဲကြည့်သည်။

"‌ နောင်တရနေလိမ့်မယ်...လွှတ်ပေးလိုက်တော့"

သူဘယ်လိုပြောပြော အရာမထင်တာကြောင့်
ရှောင်းကျန့် ကိုယ့်ကိုယ်ပို၍စိတ်ပျက်မိသည်။

မဖြစ်ဘူး။မတော်တဆမှုဆိုတဲ့အချက် ပေါ်မလာခင်
သူ ဝမ်ရိပေါ်ကိုကာကွယ်ပေးရမယ်။

(N-မတော်တဆမှုဆိုတာမျိုး ကို အထက်ကဖန်တီးတာမျိုး ။ဘယ်လိုတင်စားရလဲ သူ့ရဲ့ကံကြမ္မာ ပေါ့ ဒီအချိန်မှာဒီလိုဖြစ်ကိုဖြစ်ရမှာ ရှောင်လွှဲလို့လုံးဝမရတာမျိုး။နားလည်ရဲ့လား ရှုပ်နေမလား ရှင်းရှင်းလင်းလင်း မဖြစ်တာဆို စာရေးသူရဲ့လိုအပ်ချက်များသာဖြစ်ပါသည်။ မရှင်းတဲ့နေရာမျိုးဆို မေးလို့ရပါတယ် )

Love From Two WorldsWhere stories live. Discover now