"မင်းတို့အရင်ညှိလိုက်ပါအုန်း အန်တီနားတော့မယ်"
"Good night ပါမား / အန်တီ"
ဒေါ်ခွန်းမေထွက်သွားတာနဲ့ ခွန်းခက်ပိုင် စိုင်းမင်းခကို မျက်ထောက်နဲ့ကြည့်လိုက်တော့၏။
"အဲ့လိုကြည့်နေတာ ရပ်လိုက်နော် ဘဲကြီး "
"......."
"ကျွန်တော်လုပ်လိုက်ရင် ခင်ဗျားရဲ့ဒီည excel ကမပြီးဖြစ်သွားလိမ့်မယ်"
"ဒီစာရင်းတွေက မင်းအဖေကိုပို့ရမှာမို့ သေချာကိုင်တွယ်ပေးနေတာ "
"ဂရုစိုက်တာပေါ့လေ"
"မူးယစ်ဆေးဝါးရောင်းပြီး လုပ်တည်းက နောက်ကျောမလုံဘူး စိုင်းမင်းခ"
"......."
"ဘိန်းရောင်းတာကို သိတည်းက ကိုယ်သာစိတ်ရှိရင် မင်းအဖေကို တိုင်လိုက်လို့ရတယ်"
"တိုင်လိုက်လေ ဘဲကြီးရဲ့ အဲ့အချိန်တည်းကသာတိုင်ရင် ဘဲကြီးအခုလိုမျိူး အာရုံနောက်စရာအကောင်ကို အနား ထားထားစရာမလိုဘူး"
"......"
"ဘဲကြီးသာအဲ့တည်းက တိုင်လိုက်ရင် ဆေးသုံးနေတဲ့ကျွန်တော်လဲ တန်းပြီး ဂျေးထဲအောင်းရတာပေါ့ အဟက် "
"စိုင်း မင်း ခ"
" ပြောပါ"
"မင်းဘယ်တော့မှ ကိုယ့်စိတ်ကို နားလည်မှာမဟုတ်ဘူး ကိုယ်အခုလိုတွေ ဂရုစိုက်ပြီး မင်းအဖေအတွက်ကူညီနေတာက အကုန်လုံး မင်းကြောင်းဘဲ အဲ့တာကိုမင်းနားလည်လား"
"ဘာအတွက်လဲ"
"ဟမ်..အင့်"
စိုင်းမင်းခ ပြောလဲပြောရင်း ခုံကို
သူ့ဘက်ကိုလှည့်လိုက်တာကြောင့် ခွန်းခက်ပိုင်က သူ့ရင်ခွင်ထဲအတိ။မတ်တပ်ချင်းယှဥ်ရပ်ရင်
စိုင်းမင်းခက မသိမသာလေး ပုပေမယ့် အခုအနေအထားမှာတော့ စိုင်းမင်းခ ရင်ခွင်ထဲမှာ ခွန်းခက်ပိုင်ကပျောက်နေတော့၏။"ခင်ဗျားပြောတော့မချစ်ဘူးဆို"
"ကိုယ်မချစ်ဘူးမပြောမိပါဘူး"
"ချစ်တယ်လို့လဲမပြောဘူးလေ"
"ကိုယ်တို့ကစေ့စပ်ထားတာမဟုတ်ဘူးလား စိုင်း
အဲ့တာတွေကလိုသေးလို့လား ဟင်"
![](https://img.wattpad.com/cover/330777389-288-k479795.jpg)
Part 15 (Unicode+ ZawGyi)
Start from the beginning