ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

ဘယ်တုန်းထဲက ခါးပတ်ချွတ်ထားမှန်းမသိသည့် အန်တီကသူ့အပေါင်ပေါ် တစောင်းထိုင်ကာ နှုတ်ခမ်းကို ငုံထွေးယူစုပ်သည် ။သူ့အန်တီရဲ့ ခါးသိမ်သိမ်ကိုသာ ခပ်ဖွဖွဖက်ထိန်းထားသည် ။

သူ့ဦးဆောင်နမ်းဖို့လုပ်တိုင်း အန်တီကမဖြစ်မခံ ။အပေါ်ရောအောက်ရောကို သူမအာတွင်းအတွင်း ဆွဲယူငုံသည် ။အန်တီက ဦးဆောင်နမ်းချင်မှန်းသိတော့ သူ့ အန်တီ့စိတ်ကြိုက်သာ အနမ်းတွေကို နောက်မှလိုက်တုန့်ပြန်ပေးရ၏ ။

သူ့အောက်နှုတ်ခမ်းသားကို လျှာနှင့်တို့တို့လုပ်နေတော့ မရယ်မိအောင်ထိန်းရသည် ။မကျွမ်းကျင်သေးဘဲနဲ့ ။ဦးဆောင်ချင်နေတာ ။ချစ်စရာကွာ..

ကားပါကင်မှာ သူ့တို့ကားကထောင့်ဆုံးဖြစ်၍ ဘေးဘက်ကနေသာမြင်ရသည် ။ရှေ့မှာတော့ နံရံသာ ။မြင်ရတဲ့ဘေးဘက်ကမှန်ကလည်း အတွင်းကိုဖောက်မမြင်နိူင်တော့ ။ဒီအမျိုးသမီးအတွက် ပိုရဲသွားသည် ။
ပြုတ်နေတဲ့ ကြယ်သီးသုံးလုံးအောက်က သူ့ရင်ဘတ်မောက်မောက်ကို လက်ဖျားနုနုက ညစ်လာတော့ လန့်ကာ အန်တီ့ကိုတွန်းမိသည် ။

"အဟွန့်..ကြောက်သွားတာလာ မင်းက ။ပြော..နောက်ထပ်ပြအုံးမလား "

ရင်ဘတ်ကိုချိန်ကာ လက်ရွယ်လာလို့ သူ့ကြယ်သီးအမြန်တပ်ပြီး ..

"မပြတော့ဘူးနော် ။မပြတော့ဘူး အန်တီ "

"သူ့အလှည့်ကျ ဒါလေးတောင်ကြောက်နေတယ် "

"အန်တီ! .."

လက်နှင့်ညစ်ထားသည့်နေရာကို အင်္ကျီပေါ်မှ ကုန်းကိုက်သည့်အန်တီ ။ဒီအမျိုးသမီး ဘာလို့ဒီလောက်တောင် လက်ရဲဆက်ရဲဖြစ်
နေတာလဲ ။

"ဘာလဲ! ဘာလဲ! "

"သူ့ အောက်ပုဂ္ဂိုင်မဟုတ်ဘူးနော် "

အန်တီကကိုယ်ပေါ်မှာ ထိုင်ရပ်တဟားဟားအော်ရီပစ်နေသည် ။ထိုနောက် သူ့နဖူးကိုလက်ညိုးဖြင့်ထိုးလာတာကြောင့် သူ့မတ်နေတဲ့ခေါင်းက နောက်ကိုယိုင်သွားတော့လည်စိကို ဖွဖွကိုက်သည် ။

"သွားစားမယ် လာ "

မဟုတ်သေးဘူးလေ ။မဟုတ်သေးဘူး ။
ဒီတိုင်းကြီးထားခဲ့တာတော့ မဟုတ်သေးပါဘူး ။

သူ့အန်တီWhere stories live. Discover now