အပိုင်း ၂

Magsimula sa umpisa
                                    

"အိမ်နဲ့ပြောနေလို့ပါ မောင်ရဲ့ ယိင်းအိပ်တော့မယ်နော် မနက်ဂျူတီရှိတယ်''

"အင်းပါ''

အလွမ်းများနှင့်အိပ်ရသည့်ညပေါင်းလဲ မနည်းတော့ပေ...

ဘာလိုလိုနှင့်ကျောင်းများပိတ်လို့ အိမ်ပြန်ချိန်ပင်ရောက်ခဲ့ပြီ...
ယိင်းနဲ့လဲတွေ့ရတော့မည် အားလပ်ရက်ရတုန်း ယိင်းရှိရာကို အလည်သွားရန် ဆုံးဖြတ်လိုက်သည်။

"သား မေမေမနက်ဖြန် ဗေဒင်သွားမေးမယ် အဲ့ဒါ သားလိုက်ပို့အုံး''

ခါတိုင်းလဲ မေမေက ဗေဒင်သွားမေးနေကျမို့ အထွေအထူးတွေးမနေတော့...

ဗေဒင်ဟောခန်းရှေ့တွင် ဆိုင်ကယ်ရပ်နေတုန်း မေမေက ရှေ့ကသွားနှင့်ပြီဖြစ်သည်။ ဆိုင်ကယ်ကိုဒေါက်ထောက်ကာ ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်ပြီး ချိတ်လိုက်သည်။ ထိုစဥ်...

"အကိုကြီး သားထမင်းမစားရသေးလို့''

ကြည့်လိုက်တော့  ၁၀နှစ်သာသာရှိမည်ထင်ရသော ကောင်လေးတစ်ယောက်...
အဝတ်အစားကလဲ အခြား တောင်းရမ်းသည့်ကလေးငယ်များလို စုတ်စုတ်ပြတ်ပြတ်ဟုတ်မနေပေ...

"သားက သူတောင်းစားမဟုတ်ပါဘူး''

ထို့နောက် အိတ်ထဲမှ တစ်စုံတစ်ရာကိုထုတ်လာသည်...

"ဒီအရုပ်လေး ဝယ်ပါနော် တစ်ထောင်ပဲပေးလဲရပါတယ်''

သူယူကြည့်လိုက်တော့ ရှေးဟောင်းပစ္စည်းဖြစ်မည်ဟုထင်ရသော သစ်သားရုပ်လေးတစ်ရုပ်...
ဝမ်းလျားမှောက်အနေအထားနှင့် နှဲမှုတ်နေသော ယောကျ်ားတစ်ဦး၏ ပုံစံ...

ထို့နောက် ကလေးငယ်၏ သနားစဖွယ်မျက်ဝန်းလေးကိုကြည့်ပြီး အိတ်ထဲမှ ၅ထောင်တန်တစ်ရွက်ထုတ်ပေးလိုက်သည်...

"ပြန်မအမ်းနဲ့တော့...''

ကလေးငယ်သည် ပျော်ရွှင်စွာပြုံးရင်း...

"ေကျးဇူးတင်ပါတယ် အကိုကြီး စေတနာကောင်းရင်ကံကောင်းမယ်လို့ ဘိုးဘိုးကပြောတယ် အကိုကြီးကံကောင်းမှာပါ''

ကလေးငယ်သည် လမ်းမတစ်လျှောက်ပြေးထွက်သွားတော့သည်...

သူလဲ မေမေ့ကိုစောင့်ရင်း လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်စောင့်နေလိုက်သည်။
ထို့နောက် ခုနဝယ်ခဲ့သောအရုပ်လေးကိုထုတ်ကြည့်လိုက်သည်။

လမင်းနဲ့ပင်လယ် Tahanan ng mga kuwento. Tumuklas ngayon