အခန်း-၁

Start from the beginning
                                    

လက်အတွင်းက ခန္ဓာကိုယ်ပြည့်ပြည့်သေးသေးလေးကို ကျစ်နေအောင်ဖက်တော့ လက်မောင်းတွေကိုရိုက်ပုတ်ပြီး ရုန်းပြန်ပါသည် ။သူ့ အန်တီ့ခါးတွေကိုအတင်းဖက်ထား၍ အန်တီဟာ သူ့လက်ထဲမှာ ရင်ဘတ်တွေကော့တက်လာသည် ။နီးနေတဲ့မျက်နှာလေးကို အကြည့်ချင်းဆုံးပြီး ရှင်းပြချင်သည်ကြောင့် ကြည့်ခိုင်းတော့လည်း သူ့ပြောတာကိုနားမထောင် ။အသက်၄၁နှစ်အန်တီ့ကို ထိန်းရတာမလွယ်လိုက်တာ ။

"အန်တီ သူ့ပြောနေတယ်လေ ။သူ့ အန်တီ့ကိုပဲချစ်တာ ။အန်တီက ကြားလူတွေပြောတဲ့စကားကိုကျယုံပြီး သူ့ပြောတာကိုမယုံပေးဘူးလား "

"ဘာ! ကြားလူ ။ဘယ်က ကြားလူလဲ ။တို့ကိုယ်တိုင် မင်းတို့နှစ်ယောက်ကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလေ ။မင်း တခြားသူကိုစွပ်စွဲစရာမလိုဘူး "

နီးနေတဲ့ အန်တီ့မျက်နှာလှလှဟာ နီရဲလို့ ။ဒေါသထွက်လျှင်လည်း လှသည့်အန်တီ ။သူ့ အန်တီ့မျက်နှာကို နမ်းဖို့လုပ်တော့ ပခုံးကိုအတင်းတွန်းဖယ်လာသည် ။

"ဒီလိုအချိန်မှာတောင် မင်းနမ်းဖို့ကြိုးစားနေတုန်းလား သူ့ထက်သာ! ။ဖယ်စမ်း!

"ဟူတ်ပါပြီ မနမ်းတော့ဘူး ။အန်တီ အမြင်မှားတာပါ ။သူ့တို့က...

"အမြင်မှားတာ ။ဟုတ်လား ။ရုံးခန်းထဲက ဆိုဖာမှာ မင်းရင်ခွင်ထဲထိရောက်နေတဲ့ကောင်မနဲ့က တို့အမြင်မှားတာလား "

"မဟုတ်ဘူးကွာ ။မဟုတ်ဘူး သူ့အပြောမှားတာ ။အန်တီအမြင်မှားတာမဟုတ်ဘူး ။အထင်မှားနေတာ ။ဟန်ဟန်က အိမ်နဲ့အဆင်မပြေ...

"တော်စမ်းပါ ။အိမ်နဲ့အဆင်မပြေ အဆင်မပြေနဲ့ ။သူငယ်ချင်းက မင်းတစ်ယောက်ထဲရှိနေလို့လား ။အခြားသူတွေလည်းရှိတာပဲကို ။ခုဟာက ကုမ္မဏီထိ ။ပြီးတော့ မင်းရုံးခန်းထဲထိ ။မင်းရင်ခွင်ထဲထိ.. "

ပြောနေရင်း မျက်ရည်ဝေ့တက်ကာ ပါးပြင်ပေါ်ပေါက်ခနဲ့ကျလာသည့် မျက်ရည်စီးကြောင်းလေးကြောင့် သူ့ရင်ဘတ်ဘယ်ဘက်ဟာ အောင့်သွားရသည် ။

သူ့ကုမ္မဏီကို မနက်ကထမင်းချိုင့်မယူသွားရသည့်အတွက် အန်တီဟာလာပေးခြင်းပါတဲ့လေ ။ဟန်ဟန်ကလည်း သူ့ဆီရောက်နေတော့ ကွက်တိဖြစ်သွားတာ ။အစထဲက ဟန်ဟန်နှင့်ဆို အန်တီဟာသူ့ကို အရမ်းသဝန်တို့လွန်းသည် ။သူ့ရည်စားဟောင်းဖြစ်ခဲ့သည့်အတွက် ။သို့သော် ဒီအမျိုးသမီးကိုတွေ့ပြီးထဲက သူ့ရဲ့နှလုံးသားရော အရာအားလုံးဟာဒီအမျိုးသမီးတစ်ယောက်အတွက်သာဆိုတာ မသိလေသလော ။

သူ့အန်တီWhere stories live. Discover now