အဆင့်ခုနှစ် အဆိပ်သားရဲက လည်း ယန်ချီက ဒီလောက်အကွာအဝေးဆိုရင် ရှောင်တိမ်းနိုင်မယ်လို့ မထင်ထားတဲ့အတွက် အံ့အားသင့်သွားခဲ့တယ်။

“ချက်ချင်းကြီး ပျောက်ကွယ်သွားတာလား”

“ဒီလူသားက အလွန် မြန်ဆန်တာပဲ”

ချက်ချင်းပင် အဆင့်ခုနှစ် အဆိပ်သားရဲက ယန်ချီဘယ်ရောက်နေလဲ ဆိုပြီး ရှာဖွေလိုက်ပေမယ့် သူမျက်စိကန်းနေသလို ယန်ချီကို ဘယ်မှာမှ ရှာမတွေ့ခဲ့ပါဘူး။

“မင်းက ငါ့ပြိုင်ဖက် မဖြစ်နိုင်ဘူးလို့ ငါပြောခဲ့တယ်မှတ်လား”

ရုတ်တရက် ယန်ချီရဲ့ အသံက ထွက်ပေါ်လာခဲ့တယ်။

အဆင့်ခုနှစ်အဆိပ်သားရဲလည်း ထိတ်လန့်သွားခဲ့ပြီး အသံထွက်ပေါ်ရာဆီကို အဆောတလျင်လိုက်ကြည့်လိုက်တယ်။

သူက လှည့်မကြည့်ဘူးဆိုရင် ထိတ်လန့်မှု မဖြစ်နိုင်ပေမယ့် လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်မှုကြောင့် တစ်ကိုယ်လုံးတုန်ယင်သွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ဆီကို ဦးတည်လာနေတာကြောင့်ပါ။

ပြီးတော့ ဒီလောက်နီးကပ်တဲ့ အကွာအဝေးဆိုရင် သူ့အနေနဲ့ ဘယ်လိုမှ ရှောင်တိမ်းနိုင်မှာ မဟုတ်တော့ပါဘူး။

အဆင့်ခုနှစ် အဆိပ်သားရဲအနေနဲ့ အလွန်တရာကို ထိတ်လန့်သွားခဲ့တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပြီး သူ့အသက်က သေဆုံးတော့မယ်ဆိုတာ သိနေခဲ့ပါပြီ။

ဒီလိုအချိန်မှာတော့ သူ့အနေနဲ့ သေဖို့ စောင့်နေရုံမှတပါး အခြား ဘာမှ မလုပ်နိုင်တော့ပါဘူး။

သူ တွေးထားတဲ့အတိုင်း ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ခန္ဓာကိုယ်ကို အောင်မြင်စွာ ထိုးစိုက်သွားခဲ့တယ်။

“ဝေါင်း ”

နာကျင်မှုကြောင့် အဆင့်ခုနှစ် အဆိပ်သားရဲအနေနဲ့ ခြောက်ခြားစွာ အော်မြည်လိုက်မိတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now