လူမျိုးနွယ် ခြံဝန်းထဲမှာ ရှိတဲ့ လူတိုင်းကတော့ဒီမြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့တယ်။ သူတို့အားလုံးက လီမျိုးနွယ်ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုက ဒီလောက်ထိ မြန်ဆန်လိမ့်မယ်လို့ မထင်ထားမိဘူးလေ။

လူမျိုးနွယ်ခေါင်းဆောင် လူဂွမ်ခွန်နဲ့ အကြီးအကဲတွေမှတပါး ကျန်တဲ့သူတွေက လီချောင်ယွင်ရဲ့ ပုံရိပ်ကို မမြင်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်ရဲ့ အမြန်နှုန်းက ယန်ချီရဲ့ အရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး။

ယန်ချီက လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်ရဲ့ ပုံရိပ်ကို အရှင်းသား မြင်နေခဲ့့တယ်။

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်က ယန်ချီအရှေ့ကို ချက်ချင်းဆိုသလို ရောက်လာခဲ့ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ကြက်သွေးရောင်ဓါးကို မြောက်ပြီး ယန်ချီကို ပိုင်းဖြတ်လိုက်တယ်။

အဲ့ဒီအချိန်ကျမှ ခြံဝန်းထဲမှာ ရှိတဲ့ လူတိုင်းက လီချောင်ယွင်ရဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်က ကြက်သွေးရောင်ဓါးနဲ့ ယန်ချီကို ထိုးခုတ်လိုက်တာကို မြင်တော့ သူတို့ရဲ့မျက်နှာထက်မှာ ကြောက်လန့်မှုတွေ ပြည့်နှက်သွားခဲ့တယ်။

ဒါပေမယ့် သူတို့တွေ သတိမေ့သွားတာတစ်ခုကတော့ သိုင်းပညာလမ်းစဉ်မှာ လျင်မြန်မှုကသာ အရေးကြီးပါတယ်။

“ဝှစ်”

ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးထုတ်သံတစ်ခုကို လူတိုင်း ကြားလိုက်ရတယ်။

အဲ့ဒီအသံနဲ့အတူ ဓါးသွားတစ်ထောင်မှော်ဓါးက လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်ရဲ့ လည်ပင်းပေါ် ရောက်နေခဲ့တယ်။

တစ်ချက်လောက် လှုပ်ရှားလိုက်တာနဲ့ လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်ရဲ့ အသက်က ဒီလောက ကနေ ပျောက်ကွယ်သွားရတော့မှာပါ။

“ဟူး. . .”

ခြံဝန်းထဲမှာ ရှိနေတဲ့ လူတိုင်းကတော့ ဒီမြင်ကွင်းကြောင့် ပင့်သပ်ရှိုက်မိလိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေက တစ်သက်တာမှာ အပြူးကျယ်ဆုံး ဖြစ်နေခဲ့ကြပြီး သူတို့ရဲ့ ပါးစပ်တွေကလည်း လှိုဏ်ဂူပေါက်ကြီးအလား အဟောင့်သားဖြစ်နေခဲ့ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now