ယန်ချီက ကျိုးဇီကို နားမလည်နိုင်စွာ မေးလိုက်တယ်။

“လင်းတျန်က ရှင့်ကို စိန်ခေါ်နေတယ်”

ကျိုးဇီက ယန်ချီကို ပြောလိုက်တယ်။

ယန်ချီက ကျိုးဇီရဲ့ စကားကို ကြာြး့ပီးနောက် သူ နားလည်သွားခဲ့တယ်။

“ဒီအတွက်လား  .. . ”

ယန်ချီက ပေါ့ပါးစွာ ပြောလိုက်တယ်။

“အဲ့ဒါဆိုရင် သွားရအောင်”

ယန်ချီက ကျိုးဇီကို ပြောလိုက်တယ်။

ကျိုးဇီလည်း မှင်သက်သွားခဲ့တယ်။

“စီနီယာ ရှင် တကယ်ကို သွားမှာလား”

ကျိုးဇီအနေနဲ့ အစောပိုင်းမှာ ယန်ချီတစ်ယောက် ဒေါသထွက်လိမ့်မယ်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် ယန်ချီက ဒေါသထွက်ရမယ့်အစား ပျော်ရွှင်နေလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ။

ကျိုးဇီတစ်ယောက်သတြိ့ပန်ဝင်လာတဲ့အခါ ယန်ချီက သူမနဲ့ ခြေလှမ်း တဒါဇင်ကျော်လောက် ဝေးကွာနေပါပြီ။

အဲ့ဒီအတွက် သူမလည်း အနောက်ကနေ လျင်မြန်စွာ လိုက်သွားခဲ့တယ်။

ဒီအချိန်မှာတော့ လင်းတျန်က တိုက်ခိုက်ရေးကွင်းထဲမှာ ရပ်နေခဲ့တယ်။

သူရဲ့ အမူအယာက တည်ငြိမ်နေခဲ့ပြီး ယန်ချီ ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်။

တကယ်တော့ တိုက်ခိုက်ရေးကွင်းအောက်ကနေ ကြည့်နေကြတဲ့ ကျောင်းသားတွေ အားလုံးကလည်း ယန်ချီ ရောက်လာပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုက်ပွဲတစ်ခုကို မြင်ရတော့မယ် ဆိုကာ အလွန်တရာ တွေးတော မျှော်လင့်နေခဲ့ကြတယ်။

သူတို့အနေနဲ့ ယနချီက ရောက်လာမှ မဟုတ်ဘူးလို့ တွေးထားခဲ့ကြတာပါ။

“ယန်ချီ ရောက်လာပြီ”

ရင်ပြင်မှာ ရှိတဲ့ ကျောင်းသားတွေအားလုံးက ယန်ချီ ရောက်မလာတော့ဘူးလို့ တွေးလိုက်တဲ့အချိန်မှာပဲ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရတယ်။

သူတို့တွေက ရင်ပြင်ဝင်ပေါက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ယန်ချီက တကယ်ကို ရောက်လာတာ မြင်လိုက်ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ