လင်းတျန်က အသံ ထွက်ပေါ်ရာကို ကြည့်လိုက်တော့ ကျိုးဇီကို မြင်လိုက်ပြီး သူ့ရဲ့ မျက်နှာထက်မှာ မထီတရီ အမူအယာ ပေါ်လာခဲ့တယ်။

“ကျိုးဇီ မင်းက ဘာကို ပြောချင်တာလဲ။ မင်းက ယန်ချီ ဘယ်မှာလဲ သိလား”

“တကယ်တော့ ငါ သိတယ်။ ဒါပေမယ့်  .. . .”

ကျိုးဇီရဲ့ စကားမဆုံးခင်မှာပဲ သူမအနေနဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တယ်။

“မင်းက ယန်ချီ ဘယ်မှာလဲ သိနေတာဆိုရင် ဘာကို စောင့်နေတာလဲ”

လင်းတျန်က ကျိုးဇီကို အထင်သေးစွာ ကြည့်ပြီးပြောလိုက်တယ်။

ကျိုးဇီလည်း ဘာဆက်ပြောရမှန်း မသိတာကြောင့် လင်းတျန်ကို စိုက်ကြည့်နေခဲ့တယ်။

စက္ကန့်အနည်းငယ်အကြာ စဉ်းစားပြီးနောက် ကျိုးဇီက လင်းတျန်ကို ပြောလိုက်တယ်။

“နင် စောင့်နေ ငါ အခုပဲ စီနီယာကို သွားပြောလိုက်မယ်”

သူမက ပြောပြီးပြီးဖြစ်တာကြောင့် ယန်ချီကို သွားပြောမှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။

အဲ့ဒီနောက်တော့ ကျိုးဇီက တောင်ကြားဆီကို ဦးတည်ထွက်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ယန်ချီကတောင်ကြားဆီကို ရောက်လာခဲ့တယ်။

“စီနီယာ ”

ကျိုးဇီက ယန်ချီကို ခေါ်လိုက်တယ်။

ယန်ချီလည်း သူမရဲ့ အသံကို ကြားတဲ့အခါ ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး ကျိုးဇီကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်။

“ဘာများ ကိစ္စရှိလို့လဲ”

“စီနီယာ လင်းတျန်လေ့ကျင့်တာကနေ အပြင် ပြန်ထွက်လာပြီ”

ကျိုးဇီက ယန်ချီကို ပြောပြလိုက်တယ်။

“လင်းတျန်လား”

ခဏလောက် စဉ်းစားပြီးနောက် လင်းတျန်ဆိုတာ ကျုံနန်ကျောင်း ကျောင်းသားအဆင့်မှာ နံပါတ်နှစ် ဖြစ်ကြောင်းကို အမှတ်ရလိုက်တယ်။

“သူက လေ့ကျင့်တာကနေ အပြင်ထွက်လာတာ ငါနဲ့ ဘာပတ်သတ်လို့လဲ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Där berättelser lever. Upptäck nu