မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံး ယန်ချီကိုမြင်လိုက်တဲ့အခါ စိတ်ထဲ လွန်စွာတုန်လှုပ်သွားခဲ့တယ်။

"အဲ့ဒါ သခင်လေး ယန်ချီလား"

သူတို့တွေက ယန်ချီကို အလွန်ငယ်ရွယ်မှန်းတွေ့လိုက်ရပြီး ယန်ချီရဲ့အကြည့်တစ်ချက်ကို ဘယ်လိုမှမေ့ပျောက်လို့ရတော့မှာ မဟုတ်ပါဘူး။

သူ့ရဲ့အကြည့်တွေက ညအမှောင်လို သိပ်သည်းပြီး ပင်လယ်ကြီးတစ်ခုလို နက်ရှိုင်းလွန်းပါတယ်။

"သခင်လေး ယန်ချီ"

မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံး သတိပြန်၀င်လာခဲ့ပြီး ယန်ချီကို အရိုအသေပေးလိုက်တယ်။

"မင်းတို့တွေ ဒီမှာ ဘာလာလုပ်တာလဲ"

ယန်ချီက မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကို ကြည့်ပြီး မေးလိုက်တယ်။

"ကျွန်တော်တို့အားလုံး ဒီကိုရောက်လာတာက သခင်လေး ယန်ချီရဲ့ပြိုင်ဘက်ကင်းစွမ်းအားကို လေးစားတဲ့အတွက်ပါ"

"သခင်လေး ယန်ချီက အလွန်တရာ ချောမောခန့်ညားသူပဲ။သခင်လေး ယန်ချီလို ချောမောခန့်ညားသူကို တစ်ခါမှမမြင်ဖူးဘူးလို့ ကျွန်တော် ကျိန်ဆိုရဲတယ်"

"သခင်လေး ယန်ချီက ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းထက်ဆုံး စိတ်၀ိဉာဥ်ပညာရှင်ပဲ။ဒီအတွက် ကျွန်တော်တို့အားလုံးက သခင်လေးယန်ချီကို တွေ့ဆုံဂါရ၀ပြုဖို့ ရောက်လာကြတာပါ"

မြေတိမ်တိုက်နယ်က အစွမ်းထက်လူတွေအားလုံး တစ်ယောက်တစ်ပေါက်နဲ့ပြောလိုက်ကြတယ်။

"အင်....မင်းတို့တွေက လက်ဗလာနဲ့ လာကြတာလား"

ယန်ချီက မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကိုကြည့်ပြီး ရှက်ရွံ့သလို ပြောလိုက်တယ်။

မြေတိမ်တိုက်နယ်က အစွမ်းထက်ပုဂ္ဂိုလ် တစ်ဒါဇင်ကျော်ကလည်း ယန်ချီဘာကိုဆိုလိုချင်တာလဲ နားမလည်တာကြောင့် အနည်းငယ် အံ့အားသင့်သွားကြတယ်။

"သခင်လေး ယန်ချီ။ဘာကိုပြောချင်တာလဲဗျ"

အဖိုးအိုတစ်ယောက်က ယန်ချီကို နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now