ယန်ချီက သူအလွန်လိုချင်တဲ့ပစ္စည်းကို လိုချင်တဲ့အချိန်မှာ ရောက်လာတဲ့အတွက် အလွန်ပျော်ရွှင်သွားခဲ့တယ်။

ဒါပေမယ့်လည်း အဲ့ဒီ့တည်နေရာက......။

အလယ်ပိုင်းနယ်မြေမှာလား။

အဲ့ဒီ့နေရာက တကယ်ကို ဝေးလွန်းတာပဲ။

"စီနီယာ"

ရုတ်တရက် ကျိုးဇီရဲ့အသံကို ယန်ချီကြားလိုက်ရတယ်။

ယန်ချီက သူမရဲ့အသံကိုကြားတဲ့အခါ ကျိုးဇီကိုသတိပြုမိလိုက်ပြီး သူမကိုကြည့်လိုက်တယ်။

အဲ့ဒီ့​​တော့မှ ကျိုးဇီက သူ့ဘေးနားမှာ ရပ်နေမှန်း သိလိုက်ရတယ်။

"မင်း ဘယ်မှမသွားဘူးလား"

သူက အဓိကတောင်ထိပ်ရင်ပြင်မှာ တစ်လလုံးလုံး ဓားဆွဲထုတ်နေခဲ့တယ်။ဒါပေမဲ့ သူမက ရှိနေတုန်းလား။

ကျိုးဇီက သူနဲ့ပတ်သတ်ပြီး အချစ်မှာကျရှုံးတယ်လို့ထင်မိပေမယ့်လည်း ဒီလောက်ကြီးတော့....။

"စီနီယာ..."

ကျိုးဇီက တစ်ခုခုကို ပြောရခက်သလို အမူအယာနဲ့ ထစ်ငေါ့ထစ်ငေါ့ဖြစ်နေခဲ့တယ်။

"ဘာများ ပြောစရာရှိလို့လဲ"

ယန်ချီက ကျိုးဇီကိုမေးလိုက်တယ်။

"နောက်ရက်အနည်းငယ်ဆို ကျွန်မ ပြန်တော့မယ်"

ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

ကျိုးဇီက အလယ်ပိုင်းနယ်မြေ ကောင်းကင်ဓားဂိုဏ်းရဲ့အဖွဲ့၀င်တစ်ယောက်ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီနေရာနဲ့ သူမက မသက်ဆိုင်ပါဘူး။ဒီအတွက် သူမ ပြန်သွားတာက သဘာ၀ကျပါတယ်။

ယန်ချီရဲ့မျက်နှာပေါ်က အမူအယာကိုကြည့်ပြီး ဘယ်လိုမှန်းမသိ သူမရဲ့စိတ်ထဲ ဟာလာဟင်းလင်းဖြစ်နေခဲ့တယ်။

"နောက်ဆုံးတော့ ပြန်ရောက်ပြီ"

ရုတ်တရက် အသံတစ်ချို့ကို ယန်ချီကြားလိုက်ရတယ်။

ယန်ချီလည်း အသံထွက်ပေါ်ရာဆီကို ကြည့်လိုက်တယ်။

အဲ့ဒီ့အခါမှာတော့ ဂိုဏ်းခေါင်းဆောင် ကျန်း၀ူယီ နဲ့ တပည့်တွေကို မြင်လိုက်ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now