Part 14 (Unicode+ ZawGyi)

Start from the beginning
                                    

"ဘယ်လို အဲ့တာဆို LGBT လား
သူအသက်ရွယ်နဲ့ငါ့မောင်နုနုထွတ်ထွတ်ကို ဘယ်လိုစေ့စပ်နိုင်ရတာလဲဟမ် မင်းမိဘတွေ
ကရောသဘောတူရဲ့လား စိုင်း "

"မိဘတွေကြောင့်သာပေါ့ အမရာ ပြီးတော့ သူ့သိက္ခာလဲရှိသေးလို့ မဟုတ်ရင်တန်းပြီးတော့ကိုလက်ထပ်တယ် အဲ့လူကို"

"......."

"ဟျောင့် အမခင်မေမြင့် shock ရနေချိန် မင်းပေါက်ကရတွေ မပြောစမ်းပါနဲ့"

*ဟားဟား.....*

သျှားထက်စကားအဆုံး စိုင်းမင်းခနဲ့သျှားထက်က ထရယ်လေတော့၏။ခင်မေမြင့်ကတော့ ပြုံးပြုံးလေးသာ။

"ကိုယ့်ဘာသာဘဲနားလည်လိုက်ပါတယ်
အမကတော့ ကိုယ့်မောင်တစ်ယောက်လိုဘဲ သဘောထားတာမို့အဲ့တာတွေက အဓိကမဟုတ်ပါဘူး"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အမ"

"မင်းကျောင်းမလာတာပြောပါအုန်း"

"အဲ့တာကဗျာ......
ကျွန်တော်အဲ့နေ့ကကျောင်းကပြန်တော့
ကျွန်တော်နဲ့အရင်စေ့စပ်ထားတဲ့ကောင်မလေးက
Rs post တင်ရော အဲ့တာကိုမြင်ပြီးချိန်မှာ ဘဲကြီးက ဝင်လာတာနဲ့ "ပွဲလန့်တုန်းဖျာခင်း" ဆိုတဲ့စကားပုံနဲ့ညီလားမညီလားတော့ မသိပေမယ့်
အဲ့မှာဖွင့်ပြောဖို့စဥ်းစားလိုက်တာ သူကအပြင်ထွက်သွားရော"

"အဲ့တာနဲ့....."

"အဲ့တာနဲ့ Anime ဆက်ကြည့်နေတာလေ
တံခါးသံကြားတော့ ရေချိုးခန်းထဲက ရေဗန်းအောက်ထိုင်စောင့်နေလိုက်တာ အဲ့လောက်ကြီးအအေးပတ်သွားလိမ့်မယ်လို့လဲမထင်မိဘူးလေ
အဲ့နေ့ညက သူ့ကိုဖွင့်ပြောပြီးတဲ့အထိ အကောင်းနောက်နေ့မှဖျားတာ ခြေထောက်ကဒဏ်ရာကလဲသေးသေးလေးသာ သူပတ်တီးစည်းပေးထားတာမို့မဖြုတ်ချင်လို့သာ"

"အဲ့တာဆို ဒီပတ်တီး တစ်ပတ်ရှိပြီပေါ့"

"ဘယ်ကသာအကိုသျှားထက်ကလဲ ကျွန်တော့်
ဘဲကြီးက တစ်ရက်တစ်ခါလာလဲပေးပါတယ်ဗျ
သူ့အမေရောက်နေလို့ သူ့မှာနေတိုင်းလိုလို
အလုပ်ခန်းထဲအိပ်နေရတာ သနားပါတယ် "

"စိုင်းမင်းခတို့ စတော့မယ်
တော်ပြီ တော်ပြီ ဟျောင့် မင်းရဲ့အနုအရွတွေကို
လာနားထောင်တာမဟုတ်ဘူး မင်းဘယ်တော့ကျောင်းတက်မလဲ လာမေးတာ"

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now