အဲ့ဒီ့နောက်တော့ ယန်ချီက နတ်ဆိုးသားရဲတွေကို စတင် သတ်ဖြတ်ပါတော့တယ်။

အဆင့် ကိုး နတ်ဆိုးသားရဲဖြစ်တဲ့ နယ်သာနတ်ဆိုးလင်းယုန်က နတ်ဆိုးသားရဲတပ်ဖွဲ့ကြီးအတွက် ကောင်းကင်ကိုထောက်ပေးထားတဲ့ ကျောက်စိမ်းတိုင်ကြီးလို ၊ ပင်လယ်ရေတွေကို တားဆီးပေးထားတဲ့ ခရမ်းရွှေရောင် တံတိုင်းအလား ဖြစ်ပါတယ်။

နယ်သာနတ်ဆိုးလင်းယုန် သေဆုံးသွားပြီးနောက် နတ်ဆိုးသားရဲတွေလည်း တိုက်ခိုက်ချင်စိတ် မရှိတော့ပါဘူး။

ဒီအတွက် နတ်ဆိုးသားရဲအများစုက အနောက်ဖက် မရဏတောင်တန်းဆီကို ထွက်ပြေးဖို့ ကြိုးစားကြပါတယ်။

ဒီအချိန်မှာတော့ ၀မ်ကျိုးမြို့တော် ခံစစ်တံတိုင်းအောက်မှာတော့ သွေးတွေက စီးဆင်းနေခဲ့ပြီး နတ်ဆိုးသားရဲတွေရဲ့ခန္ဓာကိုယ်ကို စုပုံထားတာကလည်း မကျော်လွှားနိုင်တဲ့ တောင်ကြီးတစ်လုံးအလားဖြစ်နေခဲ့တယ်။

ယန်ချီက နတ်ဆိုးသားရဲတွေ အနောက်ဖက်မရဏတောင်တန်းဆီကို ပြန်ပြေးကြလိမ့်မယ်လို့ တွေးထားခဲ့တယ်။ဒါက အရေးမကြီးတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျန်နေသေးတဲ့ နတ်ဆိုးသားရဲတွေက ကောင်းကင်ကြာ်အင်ပါယာကို အနှောက်အယှက်ပေးနိုင်စွမ်း မရှိတာကြောင့်ပါ။

"ယန်ချီ"

အင်ပါယာယီယွင်က ခေါ်လိုက်တာကို ယန်ချီ ကြားလိုက်ရတယ်။

ယန်ချီက အင်ပါယာယီယွင်ကိုကြည့်ပြီး ပြောလိုက်တယ်။

"အင်ပါယာ...ကျွန်တော် အဆင့် ကိုး နတ်ဆိုးသားရဲကို သတ်နိုင်တယ်လို့ပြောခဲ့တယ်လေ။အဲ့ဒါကို အင်ပါယာမှ မယုံကြည်တာ။အခု ယုံသွားပြီလား"

ဒီအချိန်မှာတော့ အင်ပါယာယီယွင်အနေနဲ့ မယုံကြည်စရာအကြောင်းမရှိတော့ပါဘူး။ဒီအတွက် သူက လျင်မြန်စွာ ခေါင်းညိတ်လိုက်တယ်။

"ယန်ချီ ဘာကြောင့် မင်းမှာ စိတ်၀ိဉာဥ်အင်ပါယာရဲ့စွမ်းအား ရှိနေတာလဲ"

အင်ပါယာယီယွင်က ယန်ချီကို အလွန်တရာနားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now