''တကယ်တမ်း ကောင်လေးတွေရည်းစားစကား
လာပြောရင်လည်းငြင်းလွှတ်ပြီးတော့"ရောင်နီက သူ့ကိုယ်သူပြောသလိုဖြင့်
ဆုမြတ်သွယ်ကြားအောင်ပြောသည်။
အတွင်းသိ၊အဆင်းသိတွေဖြစ်နေပြီမို့
သူတို့သုံးယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ
ဘာလဲမေးရလောက်အောင်အထိ။''ကိုရောင်နီနော်"
''ဘာလဲ...ကိုယ်ပြောတာမှားလို့လား"
''မှန်လွန်းလို့ခက်နေတာ"
သုံးယောက်သား ဟိုအကြောင်း၊ဒီအကြောင်းပြောရင်း
ဟက်ဟက်ပက်ပက်ရယ်မောမိကြသည်။
နွေရာသီကျောင်းပိတ်ရက် (၃)လမို့
သူတို့သုံးယောက်စကားလက်ဆုံကျဖို့ဆိုတာ
ခက်ခဲသွားပြီ။''မစပါနဲ့ဆို"
''မကျေနပ်ရင် ကိုယ့်ပြန်စလေ"
နှုတ်ခမ်းစူကာ မျက်နှာမှိုင်းနေတဲ့
ဆုမြတ်သွယ်ကြောင့် ရှင်းမြတ်နဲ့ရောင်နီထွန်းမှာ
ကျိတ်ရယ်မိကြသည်။............................
''ပျော်ရွှင့်ကို ကိုယ်လက်ထပ်ပါရစေ"
''ရှင်"
ကိုယ့်ကိုကြည့်ကာ တည်တည်တံ့တံ့ပြောလာတဲ့
ရောင်နီထွန်းကစနောက်နေသည်မဟုတ်တာကို
ပျော်ရွှင်အတပ်သိသည်။ရောင်နီထွန်းရဲ့
သူမအပေါ်ဆက်ဆံတဲ့အပြုအမူတွေကိုကြည့်ယုံမျှနှင့်
ထိုလူ့ရဲ့ခံစားချက်တွေက အရောင်ဆိုးထားပြီးသားဆိုတာ
သိနှင့်ပြီးသား။အချိန်မရွေးဖွင့်ဟပြောလာနိုင်တာကို
ခန့်မှန်းမိပေမဲ့ ခုလိုဆိုင်းမဆင့်၊ဗုံမဆင့်
ပြောလာလိမ့်မယ်လို့ မထင်ထားရိုးအမှန်။
ပြီးတော့ လက်ထပ်ပါရစေတဲ့လေ။
ဒါအရမ်းကြီး အဆင့်ကျော်လွန်းသွားပြီမဟုတ်လား။''ကိုယ် အဆင့်တွေအများကြီးကျော်မိသွားတယ်
ဆိုတာသိပါတယ်၊ဘာလို့လဲဆို ကိုယ်မစောင့်နိုင်တော့လို့ပါ၊
ဟိုးအရင်ကတည်းက အများကြီးမဟုတ်တောင်
အနည်းအကျဥ်းတော့ ပျော်ရွှင်လည်းရိပ်မိမယ်ထင်ပါတယ်
ကိုယ့်ခံစားချက်တွေကိုလေ..."တော်သေးသည်....အနားမှာအမေတို့မရှိလို့။
မဟုတ်လို့ကတော့ ပျော်ရွှင်ရှက်ပြီး
မျက်နှာတောင်ပြရဲလိမ့်မယ်မထင်။
YOU ARE READING
ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ
RomanceMyanmar Boyslove Own Creation Village Unicode & Zawgyi
ဇာတ်သိမ်းပိုင်း
Start from the beginning