မြို့အရှင်ဖြစ်တဲ့ သူ့အနေနဲ့ ဒီလိုသနားဖို့ကောင်းတဲ့မြင်ကွင်းကို မမြင်ချင်ပါဘူး။

ဒီ့အတွက် သူက ဟွိုင်ချန်မြို့ ကျရှုံးခဲ့ရင် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ဆုံးဖြတ်ထားခဲ့တယ်။

"ကျွန်တော်တို့ မခုခံနိုင်တော့ဘူး"

ရုတ်တရက် ကျယ်လောင်တဲ့အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

နတ်ဆိုးသားရဲများစွာကလည်း မြို့ရဲ့တံတိုင်းဆီကို ပြေး၀င်လာနေခဲ့တယ်။

အဲ့ဒီ့အချိန်မှာပဲ မြို့အရှင်ဖြစ်သူ လုမင်က အံ့အားတကြီး အော်ဟစ်လိုက်တယ်။

"ငါတို့ စစ်ကူတွေ လာနေပြီ။ငါတို့ စစ်ကူတွေ လာနေပြီ"

မြို့တံတိုင်းပေါ်မှာရှိတဲ့ လူတိုင်းက အစွမ်းထက် တပ်ဖွဲ့တစ်ခု အလျင်အမြန်ချီတက်လာတာကို မြင်လိုက်ရတယ်။

ဟွိုင်ချန်မြို့အရှင် လုမင်လည်း ဒီမြင်ကွင်းကိုကြည့်ပြီး ရုတ်တရက် အလွန်စိတ်လှုပ်ရှားနေခဲ့တယ်။

"အဲ့ဒါက ကျားသစ်နဂါးမြင်းတပ်ဖွဲ့ပဲ"

"ဟွိုင်ချန်မြို့ရဲ့တပ်ဖွဲ့၀င်တွေ။ကြံ့ကြံ့ခံထားကြ။ကျားသစ်နဂါးမြင်းတပ်ဖွဲ့ လာနေပြီ"

ဟွိုင်ချန်မြို့အရှင် လုမင်က စိတ်၀ိဉာဥ်စွမ်းအားကိုသုံးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့ ဒီအသံက ဟွိုင်ချန်မြို့  တံတိုင်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်။

ဒီအသံကို ဟွိုင်ချန်မြို့ တံတိုင်းပေါ်မှာရှိတဲ့ စိတ်၀ိဉာဥ်ပညာရှင်တွေနဲ့ စစ်သားတွေအားလုံး ကြားလိုက်ရတယ်။

ဒီအတွက် သူတို့တွေအားလုံး စိတ်လှုပ်ရှားသွားကြတယ်။

သူတို့တွေသာ အသက်ရှင်နိုင်မယ်ဆိုရင် ဘယ်သူက သေချင်မှာလဲ။

သူတို့တွေက သေမှာကြောက်ရွံ့တဲ့အတွက် နတ်ဆိုးသားရဲတွေကို ခုခံတိုက်ခိုက်နေကြတာပေါ့။

နတ်ဆိုးသားရဲတွေသာ ဟွိုင်ချန်မြို့ကို ချိုးဖျက်သွားမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုလုပ်ပြီး အသက်ရှင်လွတ်မြောက်နိုင်မှာလဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now