" ~ 🎹 ~"

ဝမ့်ရိပေါ်လက်ချောင်းတွေက စန္ဒယားခလုတ်တွေကို ထိလိုက်တာနဲ့ သံစဉ်တွေထွက်ပေါ်လာတယ်။ သူအခု live showကြည့်နေရတာလား ။ ပြီးတော့ အနီးကပ်ကြီးလေ ။

မျက်လုံးတွေမှိတ်လို့ တီးခတ်နေတဲ့ ဝမ်ရိပေါ်က ထိုအပေါ်မှာ အရာရာ စိတ်နှစ်ထားသလိုမျိုး ။ ရှောင်းကျန့် ပါးစပ်တောင်ပြန်မစိနိုင်ဘူး ။ တကယ်ကို သွားတွေပေါ်တဲ့အထိပြုံးနေမိလို့ သွားတွေကတောင် အော် ပြော‌နေကြပြီ ။ငါတို့အအေးပက်နေပြီ ပါးစပ်လေး
ပြန်စိပေးပါတော့တဲ့။

သံစဉ်ရဲ့အဆုံးသတ်က အနည်းငယ်ကြမ်းတမ်းတယ်။ မျက်ရည်တွေ...။ အခု သူ့ကလေးလေးငိုနေတာလား။
မျက်လုံးထောင့်ကစီးကျလာတဲ့ အရည်ကြည်တွေက ‌မျက်ရည်ဖြစ်ကြောင်းသက်သေပြုတယ်။

စန္ဒယားခလုတ်ခုံပေါ်က လက်တွေရုတ်လို့ ရိပေါ်က သူ့လက်တွေကို ပြန်ကြည့်နေတယ်။ ပြီးတော့ မျက်ရည်တွေထပ်ကျလာတယ် ။ ပြီးတော့ ရှောင်းကျန့်ကို အရုပ်ကြိုးပြတ်ဖြစ်စေတဲ့ စကားတစ်ခွန်းကို ဆိုတယ်။

" သေချင်လိုက်တာ "

ရှောင်းကျန့်က ခေါင်းကို ခပ်မြန်မြန်ယမ်းလို့ ရိပေါ်ပါးပေါ်က မျက်ရည်စကိုသုတ်ပေးဖို့ ကြိုးစားတယ်။ ပါးပြင်ကို ထိမိသွားပေမဲ့ ရိပေါ်က လန့်သွားဟန်နဲ့ သူရှိရာဘက်ကိုကြည့်တယ် ။

ရှောင်းကျန့်ရိပေါ်ကို သေချာကြည့်နေပေမဲ့ ရိပေါ်ကတော့သူ့ကိုမမြင်ဘူး။

// မင်းဘာကြောင့် နာကျင်ရလဲမသိပေမယ့်
မင်းမျက်ရည်လေးမြင်လိုက်တာနဲ့တင်
ငါ့မှာ ဆောက်တည်ရာမရတွေဖြစ်လို့ //

ပါးပြင်က အေးစက်စက်အထိအတွေ့ခံစားလိုက်ရတဲ့
ရိပေါ်က ဘေးဘက်ကိုကြည့်လိုက်တဲ့အခါ ခပ်နွမ်းနွမ်းမှန်တစ်ချက်ကိုသာတွေ့တယ်။ မှန်ထဲမှာသူက လွဲပြီးရှိမနေပေမယ့် သူ့စိတ်ထဲမှာ လူတစ်ယောက်ယောက်ရှိနေသလိုမျိုး ။

* Ring Ring *

"ဝမ်ရိပေါ် ငါ‌ရောက်နေပြီ။မင်းဘယ်ရောက်သွား
ပြန်တာလဲ"

ဖုန်းကိုကိုင်လိုက်တာနဲ့ ဟောက်ရွှမ်းအသံက အပြင်မှာပြောနေသလိုကျယ်လာင်စွာထွက်လာ၏။ အဖြေစကားမပြုဘဲဖုန်းကိုချလိုက်တယ် ။

Love From Two WorldsWhere stories live. Discover now