အပိုင်း (၁) Unicode

Start from the beginning
                                    

သွမ့်လင်က မီးတုတ်ကို ကိုင်လျက် လူအုပ်ကြားထဲမှထွက်လာပြီး -

"ကျွန်တော် ဆင်းကြည့်လိုက်မယ်"

သူနှင့် ရင်းနှီးသိကျွမ်းသော ချင်းရှန်းဂိုဏ်းမှ လျိုရိက ချက်ချင်းဆိုသလို ဝင်ဖြောင်းဖြသည်။

"အစ်ကိုကြီးသွမ့်၊ သတိထားပါ၊ လှည့်စားခံရနိုင်တယ်"

"မပူပါနဲ့။ မိစ္ဆာဂိုဏ်းရဲ့ ပရိယာယ်တွေက ဖြောင့်မှန်တဲ့ တရားမျှတမှုကို ဖိနှိပ်နိုင်စွမ်းမရှိဘူး"

သူက ပြောပြီးနောက် လျှို့ဝှက်လမ်းထဲသို့ ခုန်ဆင်းလိုက်ပြီး မီးတုတ်ကိုကိုင်လျက် ဆက်လျှောက်လာသည်။

သွမ့်လင်က သတိလက်လွတ်ဝင်လာခြင်းမဟုတ်သည့်အပြင် မိစ္ဆာဂိုဏ်း၏ ထောင်ချောက်များနှင့်လည်း အတော်အသင့် အကျွမ်းတဝင်ရှိသည်။ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် ထောင်ချောက်ခလုတ်များက စတင်လှုပ်ရှားလာပြီး အဆိပ်မြားတို့က မိုးရွာချသလို ပျံဝဲလာတော့သည်။ သွမ့်လင်က ကျွမ်းကျင်သော သိုင်းအတတ်ဖြင့် အလွယ်တကူ ရှောင်တိမ်းပြီး သိပ်မကြာမီတွင် လျှို့ဝှက်လမ်း၏ အဆုံးသို့ ရောက်ရှိလာခဲ့သည်။

လမ်းအဆုံးတွင် ကျောက်သားတံခါးတစ်ချပ်ရှိနေပြီး အဆင်တန်ဆာကင်းမဲ့၍ ရိုးရှင်းလှသည်။

သွမ့်လင်က အလျင်စလိုမပြုဝံ့ပေ။ သူ၏ ချီစွမ်းအင်တို့ကို တန်းထျန်တွင် ဖြည်းညင်းစွာ စုစည်းပြီး ခန္ဓာကိုယ်ရှိ အဓိကသွေးကြောများကို ကာကွယ်လိုက်သည်။ ထို့နောက်မှသာ တံခါးကို ဖွင့်၍ ဝင်လိုက်၏။

/တန်းထျန် - ချက်အောက်ဘက်ရှိ ချီစွမ်းအင်စုစည်းရာနေရာ/

တံခါး၏ နောက်ဘက်တွင်တော့ အလွန်သေးငယ်လှသော အခန်းငယ်တစ်ခန်းရှိနေကာ လေးဘက်လေးတန်တွင် အလင်းပုလဲများကို ချိတ်ဆွဲထားပြီး အခန်းကို မှိန်ပျပျအလင်းပေးနေ၏။

အခန်းထဲတွင် အလစ်တိုက်ခိုက်ရန် ပုန်းခိုနေသူမရှိဘဲ အမျိုးသားငယ်တစ်ယောက်သာ ကျောက်သားစားပွဲရှေ့တွင် ထိုင်လျက် ခေါင်းငုံ့၍ ဗျပ်စောင်းတီးခတ်နေသည်။ ထိုလူက အဆင်တန်ဆာမပါသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်သည့် ဆံပင်ရှည်တို့ကို သရဖူငယ်သဏ္ဍာန် ရွှေရောင်ခေါင်းစည်းဖြင့် စု၍ စည်းထားသည်။ မျက်ဆံတို့က မည်းနက်နေပြီး ဗျပ်စောင်းကို တီးခတ်နေသည့် လက်များကတော့ ကျောက်စိမ်းနှယ် ဖွေးဆွတ်နေသည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now