P-1

19 0 0
                                        

Chapter1-Initial Rebirth(စဦး ပြန်လည်မွေးဖွားခြင်း)

အမှောင်ထုထဲ၌ ကျိုးကျားယွီ နိုးထလာသည်။

သူ၏ မျက်လုံးများကို ဖွင့်လိုက်ချိန် ပတ်ပတ်လည်မှ သူမြင်ရသမျှက လုံး! ဝ! အ!  မှောင်! ထု! ကြီး! ဖြစ်၏။

အနည်းငယ်မျှ လူးလွန့်လိုက်ချိန်တွင် သူ၏ လက်နှင့်ခြေထောက်များ ချည်ထားခံရကြောင်း
သတိပြုမိလိုက်၏။

လုံးဝလှုပ်လို့မရသည့်အပြင် သူ့ပါးတစ်ဖက်က မြေပြင်နှင့် မိတ်ဆက်ထိကပ်နေလေသည်။

ဖျော့တော့သည့် သွေးနံ့ကိုလည်း နှာခေါင်းဖျားထက် ဝေ့လည်ဝေ့လည်ရနေ၏။

သူသေသွားခဲ့ပြီ မဟုတ်လော။
ဒီနေရာက အဘယ်နေရာနည်း။

ဒါက သေသူတွေသွားရသော မြေအောက်ကမ္ဘာပင် ဖြစ်နေသလော။

ကျိုးကျားယွီ၏ဦးနှောက်မှာ မရှင်းမလင်း ဖြစ်နေဆဲပင်။

သို့သော် သူအဖြေမထုတ်နိုင်ဘဲရှိနေစဥ် သူ့ရှေ့ရှိ အမှောင်ထုကား အလင်းတန်းတစ်ခု၏ ဖြိုဖျက်ခြင်းကို ခံလိုက်ရလေသည်။

"အဲဒါသူလား" ယောက်ျားသံတစ်သံ ထွက်လာသည်။

"အဲဒါသူပဲ" နောက်တစ်ဦးက အဖြေပေးလာ၏။

စကားသံတွေ ကြားရသောအခါ၌ ထိုလူများကို ကျိုးကျားယွီက မေးခွန်းအနည်းငယ် မေးချင်ခဲ့တာဖြစ်သည်။သို့သော် အဆိုပါလူနှစ်ယောက် အခန်းထဲဝင်လာပြီး သူ့ကို လက်မောင်းနှစ်ဖက်မှအကြမ်းပတမ်းဆွဲမကာ အခန်းထဲမှဖျင်ကြမ်းအိတ်သဖွယ် ဆွဲထုတ်ခြင်းကိုသာ ခံလိုက်ရလေသည်။

သူ အမှောင်ထဲ၌ အချိန်အကြာကြီး နေခဲ့ရခြင်းကြောင့်ဖြစ်နိုင်သည်။

ဆွဲထုတ်ခံရပြီး အပြင်ရောက်လာသည့်အချိန်၌ အခန်းပြင်ပရှိ မျက်စိစူးစေသော နေရောင်ခြည်ကို ကျိုးကျားယွီ ခံနိုင်ရည်မရှိ။

သူ မျက်လုံးများမှိတ်ထားရင်း ခံစားမိသည်မှာ သူသည် အလွန့်အလွန်ရှည်လျားသော ကော်ရစ်ဒါတစ်လျှောက် ဆွဲသွားခံနေရသည်ဖြစ်ပြီး ကျယ်ဝန်းသောခန်းမကြီး၏ အလယ်ဗဟိုသို့ ပစ်သွင်းခံလိုက်ရခြင်းကို ဖြစ်၏။

You've reached the end of published parts.

⏰ Last updated: Jul 03, 2024 ⏰

Add this story to your Library to get notified about new parts!

MFELYWhere stories live. Discover now