"အဆ ၉၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

"အဆ ၁၀၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

ယန်ချီက အချိန်တိုလေးအတွင်း အဆတစ်သိန်းတိုးမြှင့်မြန်ဆန်ခြင်းကို ရောက်ရှိသွားခဲ့တယ်။

"ဓားဆွဲထုတ်မှတ် + ၃၀"

"ဓားဆွဲထုတ်မှတ် + ၃၀"

"ဓားဆွဲထုတ်မှတ် + ၃၀"

ယန်ချီရဲ့ဓားဆွဲထုတ်မှတ်တွေကလည်း စားဖို့ သောက်ဖို့ အိပ်စက်အနားယူဖို့ကိုတောင် မေ့လျော့နေခဲ့ပါတယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 542 - မင်း ဘာကြောင့် ငါ့နောက် လိုက်နေတာလဲ

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။

တခဏအတွင်းပင် အချိန်တစ်လခန့် ကုန်သွားခဲ့တယ်။

အခန်းထဲမှာတော့ ယန်ချီက ဆဌမအဆင့်ကိုအောင်မြင်ဖို့အတွက် နောက်ဆုံးတကြိမ်သာ လိုပါတော့တယ်။

သူက နောက်ကျောရှိ ဓားအိမ်ထဲကနေ ဓားသွားတစ်ထောင်မှော်ဓားကို ဆွဲထုတ်လိုက်တယ်။

"ဒင် သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓားအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်းနည်းစနစ်ရဲ့ ဆဌမအဆင့်ကိုအောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။အထူးရတနာသေတ္တာတစ်လုံး ရရှိပါတယ်"

စနစ်ရဲ့အသံက ယန်ချီရဲ့စိတ်ထဲ ပေါ်လာခဲ့တယ်။

ဒီအတွက် ယန်ချီရဲ့မျက်နှာထက်မှာ အံ့အားသင့်တဲ့အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တယ်။

သူက ဆဌမအဆင့်ကိုအောင်မြင်သွားပြီဆိုတာ သိလိုက်တယ်။ဒီအတွက် ဓားဆွဲထုတ်မှတ် ဘယ်လောက်ရလဲဆိုတာ စစ်ဆေးကြည့်လိုက်တယ်။

"ဓားဆွဲထုတ်မှတ် သန်း နှစ်ထောင်"

"အိုး....ဘုရားရေ"
ယန်ချီတစ်ယောက် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။သူ့မှာ ဓားဆွဲထုတ်မှတ် သန်းနှစ်ထောင်ရှိနေပြီလေ။

ချက်ချင်းပင် သူက ဓားဆွဲထုတ်မှတ် သန်းနှစ်ထောင်သုံးပြီး အထူးဓားဆွဲထုတ်ခြင်းနည်းစနစ် အဆနှစ်သိန်းတိုးမြှင့်မြန်ဆန်ခြင်းအဖြစ် မြှင့်တင်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now