ကျိုးဇီအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အင်ပါယာမြို့ကို ရောက်ဖူးတာပါ။

သူမအနေနဲ့ နေရာသစ်မှာ မြင်မြင်သမျှကို စူးစမ်းနေခဲ့တယ်။

"စီနီယာ....အခု ကျွန်မတို့တွေ ဘယ်ကိုသွားကြမလဲ"

ကျိုးဇီက ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။

ခဏလောက် စဥ်းစားလိုက်ပြီးနောက် ယန်ချီအနေနဲ့ အင်ပါယာမြို့တော်မှာ ဘာမှလုပ်စရာ ထိုက်ထိုက်တန်တန် မရှိတဲ့အတွက် သူက လင်ဂိုဏ်းကိုပြန်တာကောင်းမယ်လို့ တွေးလိုက်တယ်။

ချက်ချင်းပင် ယန်ချီ နဲ့ ကျိုးဇီတို့နှစ်ယောက်က လင်ဂိုဏ်းကိုပြန်လာခဲ့တယ်။

လင်ဂိုဏ်း အဓိကတောင်ထိပ်ကိုပြန်ရောက်ပြီးနောက် ယန်ချီက ကျိုးဇီအတွက် အခန်းစီစဥ်ပေးပြီးနောက် သူ့အခန်းဆီကိုပြန်လာခဲ့တယ်။

သူ့အခန်းထဲကိုရောက်တော့ ဓားဆွဲထုတ်မှတ် ဘယ်လောက်ရနေပြီလဲဆိုတာ စစ်ဆေးကြည့်လိုက်တယ်။

အဲ့ဒီ့အခါမှာတော့ သူ့ရဲ့ဓားဆွဲထုတ်မှတ်တွေက ကြောက်မက်ဖွယ် အရေအတွက်ကိုရောက်နေတာ တွေ့လိုက်ရတယ်။

ဒီအတွက် ယန်ချီက ဘာမှစဥ်းစားမနေတော့ဘဲ အထူးဓားဆွဲထုတ်ခြင်းနည်းစနစ်ကို အဆတစ်သိန်းတိုးမြှင့်ခြင်းအထိ အဆင့်မြှင့်လိုက်တယ်။

အဲ့ဒီ့နောက်တော့ ချက်ချင်းပင် ဓားကို အရူးအမူး ဆွဲထုတ်ပါတော့တယ်။

အခုဆိုရင် သူက သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ရဲ့ဆဌမအဆင့် ဓားအကြိမ် ဆယ်သန်းကို စတင်ဆွဲထုတ်နေပါပြီ။

လက်ရှိ သူ လင်ဂိုဏ်းကိုပြန်လာတာက သာလွန်ကောင်းကင်အဆင့်ရဲ့ဆဌမအဆင့်ကို အောင်မြင်ဖို့ပါ။

သူက ဓားကို အရူးအမူးဆွဲထုတ်လိုက်တယ်။

"အဆ ၅၀၀၀၀ တိုး​​မြှင့်မြန်ဆန်ခြင်း"

"အဆ ၆၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

"အဆ ၇၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

အခန်းထဲမှာတော့ ဓားဆွဲထုတ်သံတွေနဲ့ ဆူညံနေခဲ့တယ်။

"အဆ ၈၀၀၀၀ တိုးမြှင့်မြန်ဆန်ခြင်း"

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now