"သူမက...."

မိုရုံက ယန်ချီဘေးမှာရှိနေတဲ့ မိန်းကလေးကိုမသိတာကြောင့် မေးလိုက်တယ်။

"ကျွန်....ကျွန်မနာမည် ကျိုးဇီပါ"

မိုရုံရဲ့စကားကိုကြားတော့ ကျိုးဇီက အဆောတလျင် သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်။

မိုရုံ နဲ့ ကပ္ပတိန်တွေက ပိုပြီးနားမလည်နိုင် ဖြစ်သွားခဲ့ကြတယ်။ဒီအတွက် သူတို့တွေက ကျိုးဇီက ဘယ်သူလဲဆိုတာ ပိုပြီး သိချင်နေကြတယ်။

"ငါ သူမကို ကယ်တင်ခဲ့တာ"

ယန်ချီက ဖြေးညှင်းစွာပြောလိုက်တယ်။

မိုရုံ နဲ့ ကပ္ပတိန်တွေလည်း နားလည်သွားကြတဲ့အတွက် ဘာမှဆက်မမေးတော့ပါဘူး။

"တပ်မှူး.....အခု ကျွန်မတို့တွေ ကျားသစ်နဂါးမြင်းတပ်စခန်းဆီကို ပြန်ကြမလား"

"အင်း"
ယန်ချီက ခေါင်းညိတ်လိုက်တယ်။

ချက်ချင်းပင် သူတို့တွေအားလုံး ကျားသစ်နဂါးမြင်းတပ်စခန်းဆီကို ပြန်ခဲ့ကြတယ်။

ကျားသစ်နဂါးမြင်းတပ်စခန်း........။ အကြီးဆုံး စစ်တန်းလျား...။

ယန်ချီက အလယ်ခုံမှာထိုင်ပြီး မိုရုံ နဲ့ ကပ္ပတိန်တွေရဲ့တင်ပြချက်တွေကို နားထောင်နေခဲ့တယ်။

သူတို့ရဲ့သတင်းပို့ချက်တွေကို ကြားပြီးနောက် ယန်ချီရဲ့မျက်နှာက ဘာမှပြောင်းလဲခြင်းမရှိခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့စိတ်၀င်စားစရာ မရှိတဲ့အတွက်ကြောင့်ပါ။

"ငါ မနက်ဖြန်ကျရင် အင်ပါယာမြို့တော်ကို သွားဦးမယ်"

ယန်ချီက မိုရုံ နဲ့ ကပ္ပတိန်တွေကို ပြောလိုက်တယ်။

မိုရုံ နဲ့ ကပ္ပတိန်တွေလည်း ယန်ချီရဲ့စကားကိုကြားတော့ မှင်သက်သွားကြတယ်။ယန်ချီက ဘာလို့ အင်ပါယာမြို့တော်ကိုပြန်ရလဲဆိုတာ မသိကြပေမဲ့လည်း ယန်ချီက ဒီကိုရောက်လာတာမကြာသေးပေမဲ့ သူတို့ ကျားသစ်နဂါးမြင်းတပ်ရဲ့တပ်မှူးဖြစ်လာပြီဆိုတာ သိလိုက်ကြတယ်။

နောက်တစ်နေ့ နေရောင်လင်းလက်လာတော့ ယန်ချီနဲ့ကျိုးဇီတို့နှစ်ယောက် အင်ပါယာမြို့တော်ဆီကို ပြန်လာခဲ့ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now