"ငါ့တစ်ဘဝလုံး သူ့ကိုကြည့်ပြီးနေလာခဲ့တာ ။
တကယ်သာဆို ငါရင်ကျိုးရမှာ "

"နိမိတ်မရှိတာတွေမပြောနဲ့တော့ ။ တကယ်ဆို ငါတို့ကလေးလေး လုပ်ဖူးချင်တာတွေ အကုန်
အရင်လုပ်ရအုန်းမယ် ပြီးတော့ သူ  သေချင်တယ်လို့  အရင်စဉ်းစားရမယ် ။ ကျန်းမာရေးချို့ယွင်းတာ မတော်တဆ ကြီးကြီးမားမား ဖြစ်ပြီး မှမဟုတ်ရင်
အကြောင်းရင်းမရှိဘဲ သူ့ကိုခေါ်လို့မရဘူး"

ခိစုက ဇက်ကလေးပုလို့ လျှာထုတ်ပြတယ် ။ ဒီကောင်မလေးက မဟုတ်တာတွေအကုန် လျှောက်ပြောနေတော့တာပဲ။ ဘာဖြစ်လို့ ရိပေါ်က သေရမှာလဲ ။မဖြစ်နိုင်တာတွေ။

မတော်တဆကြီးကြီးမားမား ဟူသည့်အချက်ကို ရှောင်းကျန့် က မေ့နေတာမဟုတ်ပဲ တမင်ကို မေ့ပစ်လိုက်တာပါ ။

"ဒါမယ့်..အခု Album က မပေါက်ဘူးလေ ။ သေကြောင်းကြံစည်..."

"ပေါက်ကရ  ဒီ Album က နောက်ဆုံးလဲမဟုတ်သေးဘူး ။ အမြဲတမ်း Perfect ဆိုတာမျိုးဘယ်ရှိနိုင်မလဲ ။ အရာရာပြည့်စုံတဲ့သူဆိုတာရှိရင် သေချာတယ် သူက လူမဟုတ်ဘူးပဲ"

"တကယ်တော့ အခုMusic Mvကလဲဆိုးဝါးတယ်"

"ဘာ !"

"အင်တာနက်ပေါ်မှာ Bad reviewတွေ ၊ဆိုးဝါးတဲ့commentတွေနဲ့ တိုက်ခိုက်တဲ့သူတွေပိုများလာတယ်"

ခိစုက သူ့ရဲ့ ဖုန်းထဲက သတင်းတွေထုတ်ပြရင်းဆိုတယ် ။ ခိစု လက်ထဲက ဖုန်းကို ရှောင်းကျန့်က လုလိုက်ပြီး သတင်းတွေကိုဆွဲကြည့်တယ်။

"မဖြစ်ဘူး ငါတို့ကလေးလေး "

"Fan ဆိုတဲ့ လူသားမတွေကကော
ဘာတွေလုပ်နေကြတာလဲ"

"အေဂျင်စီဘက်က တရားစွဲချင်စွဲမှာပါ"

ခိစုက သူ့ရှေ့က လူသားဖြစ်တဲ့Fanတွေကို မဲ့ရွဲ့လို့ကြည့်တယ် ။ ရှောင်းကျန့်ကတော့ ဝမ်းနည်းရိပ်လှိုင်တက်နေတဲ့ မျက်လုံးတွေနဲ့ ရိပေါ်ရှိရာကို ကြည့်တယ်။

"ငါ့ကလေးလေး အရမ်ပင်ပန်းနေမှာ "

"အရင်ဆုံး သူ့ Stylelist တွေကို အရင်ဆုံး
ပို့လိုက်လို့မရဘူးလား သူတို့ပြင်ဆင်ပေးတဲ့အပြင်အဆင်တွေက ပိုဆိုးဝါးတယ်"

Love From Two WorldsWhere stories live. Discover now