အပိုင်း ၆

Start from the beginning
                                    

အဟမ်း မင်း ဘာတွေကြည့်နေတာလဲ

ဘာ ဘာမှမကြည့်ပါဘူး
ရှင့်မှာရှိတာကိုယ့်မှာလဲရှိတယ်

အဟင်းဟုတ်ရဲ့လား
သေးသေးကွေးကွေးလေးနဲ့
တို့လိုများရှိပါ့မလား
ကြည့်ချင်စမ်းပါဘိကွယ်

ဘာလဲ ခင်ဗျားကြီးကဘာလဲကွာ
လူကိုဘာစကားတွေလာပြောနေရတာလဲ
သွား ဝေးဝေးသွားဗျာ

ကြည့် ဒါဆိုတို့ကမင်းလေးကို
မချစ်ရတော့ဘူးလား ဟင်
ဘာလို့အတင်းရုန်းနေရတာလဲ

ဖယ်နော်

ဆွဲနမ်းလိုက်ရမလား

မနမ်းနဲ့

ဒါဆိုငြိမ်ငြိမ်လေးအဖက်ခံလေ

အဖက်မခံပါဘူး ဖယ်ပါ

ဒီအရှုပ်ထုတ်လေးကတော့

...........................................

လွိုင်း ဘယ်လာတာလဲ ဆရာ့ဆီကိုလား

လက်ပြတ်စွတ်ကျယ်လေးနှင့်ဖြူဖြူသေးသေးကွေးကွေးပုံစံလေးကိုစိမ်းရုတ်တရပ်မြင်လိုက်သည်နှင့်
သူမလေးမှန်းသိလိုက်သည်မို့
ရုံးခန်းထဲမှထွက်ကြည့်လိုက်တော့
သူ့ဘေးမှာသီရိယွန်းသွယ်ကရောက်လို့နေလေသည်

အမ်း ဟို... ဟုတ်တယ် အစ်မ ဘာလို့လဲ

လာ ဒါဆိုအစ်မနဲ့သွားကြမယ်လေ

လွိုင်းလက်မောင်းလေးကိုဖက်ကာ
သွားကြမည်လုပ်သည့်သီရိယွန်းသွယ်

နေအုန်း လွိုင်းမြန်မာ က တို့ဆီကိုလာတာ
သီရိယွန်းသွယ် တို့ဘဲဆရာဆီလိုက်ပို့ပေးလိုက်မယ်

လွိုင်းကိုတစ်ချက်စိုက်ကြည့်ရင်း
ထိုအလုပ်သင်ကောင်မလေးကို
ခပ်တည်တည်ပင်ကြည့်လိုက်သည့်စိမ်း

မင်းကိုတို့ပြောစရာရှိတယ်
တို့နောက်လိုက်ခဲ့ပါ

ဖက်တွယ်ထားသည့်ထိုအစ်မလက်ကို
မျက်လုံးထောင့်ကပ်၍ကြည့်သွားသည့်စိမ်း
လွိုင်း ဟိုအစ်မကိုအားနာသလိုကြည့်လိုက်ကာ
အသာဖယ်ချလိုက်ရင်း စိတ်ကောက်သွားသည့်
ဒေါက်တာဒေါ်နီလာစိမ်းဆီအပြေးလိုက်ရလေသည်

မင်းရဲ့လက်ချောင်းလေးတွေကအစ
သူများတွေနဲ့ရော်ယှက်မှာကိုတို့မလိုလားဘူး
မင်းနားလည်လား! လွိုင်းမြန်မာ

"For Doctor"Where stories live. Discover now