Everything starts here

Start from the beginning
                                    

နားကြပ်နဲ့ သီချင်းချိတ်ဖို့ ဖုန်းထဲက သီချင်းကို
သူရွေးနေတုန်း ...။ ကားဟွန်းတီးသံ ခပ်ကျယ်ကျယ်ရယ် သူဖွင့်လိုက်တဲ့ သီချင်းရယ်...။

*ကျွီ!!!ဒုန်း*

သူတောင်မသိလိုက်ခင်မှာဘဲ သူ့ရဲ့ခန္ဓာကိုယ်ဟာ
လေပေါ်မြောက်တက်သွားတယ်။ တစ်ဖက်က အရှိန်နဲ့မောင်းနှင်လာတဲ့ ကားတစ်စင်းက သူ့ကိုတိုက်သွားသည်။

ကားလမ်းပေါ်မှာ သွေးများစွာက ပျံ့ကျဲလျက်။
ခေါင်းကနေ သွေးတွေစိမ့်ထွက်နေတယ်ထင်ပါရဲ့ ခေါင်းကတရိပ်ရိပ်မူးလာတယ်။ သူ့မျက်နှာပေါ်က မျက်မှန်လေးလဲ မရှိတော့ဘူး။ ကားလမ်းပေါ်မှာ မှန်တစ်စဆီနဲ့ ပြုတ်ထွက်သွားခဲ့ပြီ။ 

ဒီနေ့ကြမှနေရောင်က အရမ်းကိုစူးလွန်းတယ်။ မျက်စိတွေကျိန်းလာတယ်။
အင်း...အိမ်မက်ဖြစ်မယ်။
နေရောင်တွေကို ကွယ်အုပ်သွားတဲ့
အရိပ်တစ်ခုရယ်။သူ့အရမ်းတွေ့ချင်နေတဲ့
မျက်နှာ ခပ်ချောချောရယ်....။
လက်ထဲက Show Ticket လေးကိုပိုလို့ဆုပ်ကိုင်လိုက်မိတယ်...။ပြီးတော့ သူ့ကမ္ဘာဟာ
အမှောင်အတိကျသွားခဲ့တယ်။

နားကြပ်နဲ့မချိတ်မိသေးတဲ့ သီချင်းသံက
ရပ်တန့်သွားခြင်းမရှိခဲ့သလို ။ ရှောင်းကျန့်ရဲ့ ဆန္ဒ‌
တွေကလဲ ရပ်တန့်မသွားဘဲနောက်ဆုံးအချိန်ထိ
ပိုလို့ပြင်းပြသွားခဲ့တယ် ။

//သေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်။အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး
မပြည့်ဝခင် သေဆုံးခြင်းက
ပိုလို့ခြောက်ခြားဖွယ်။ //

Ticket လေးရဲ့နာမည်က 
            _ Yibo Wang _တဲ့။
         _______________________

" ရှောင်းကျန့် လမ်းသွားရင် အဲ့နားကြပ်ကို
တပ်မထားနဲ့ဆိုတာကို တပ်ထားပြန်ပြီ!!"

နောက်ဆုံးနှစ် ဖြစ်တဲ့ တက္ကသိုလ် ကျောင်းသား
ရှောင်းကျန့်ရဲ့ တစ်နေ့တာက ဤသို့စတင်သည်။
မိဘတွေမရှိတဲ့သူက အမေ့ရဲ့ညီမ တစ်ဦးသော ဒေါ်လေးဖြစ်သူ အပျိုကြီးနှင့်နေသည်။

ရှောင်းကျန့်တို့က ချမ်းသာတဲ့အသိုင်းအဝိုင်းထဲကမဟုတ်သလို ဆင်းရဲနေတာမျိုးလဲမဟုတ်။ သူ့နေရာနဲ့သူစားနိုင် ဝတ်နိုင်တဲ့ အလယ်လတ်တန်းစား လူတန်းစားထဲကဖြစ်သည်။

Love From Two WorldsWhere stories live. Discover now