“သူ့နာမည်က ယန်ချီ သူက ငါတို့ ကျားသစ်နဂါးမြင်းတပ်ရဲ့ တပ်မှူးအသစ်ပဲ”

မိုရုံက တန်းစီနေတဲ့ စစ်သည်တွေကို ကြည့်ပြီး ပြောလိုက်တယ်။

စစ်သည်တွေအားလုံးက ဒီစကားကို ကြားတော့အခါ သူတို့ရဲ့မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

သူတို့တွေ မှန်းဆထားတဲ့အတိုင်းပဲ ယန်ချီက တကယ်ကို သူတို့ရဲ့ တပ်မှူးအသစ်ပါ။

ဒါပေမယ့် ယန်ချီဆိုတဲ့ နာမည်က .. . ။

စစ်သည်တွေအားလုံးက ဒီနာမည်ကို တနေရာရာမှာ ကြားဖူးတယ်လို့ ခံစားမိခဲ့ကြတယ်။

“ငါ့အနေနဲ့ ယန်ချီဆိုတဲ့ နာမည်ကို ကြားဖူးတယ်လို့ ခံစားမိနေတာလဲ”

“ငါလဲ အဲ့ဒီလို ခံစားမိနေတယ်”

“ဒါနဲ့စကားမစပ် လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးကိုလည်း ယန်ချီလို့ ခေါ်တယ်မှတ်လား။ အဲ့ဒီလူပဲလား”

ကျားသစ်နဂါးမြင်းတပ်သားတွေအားလုံးက ဒီအကြောင်းကို တီးတိုး ပြောဆိုဆွေးနွေးနေကြတယ်။

ယန်ချီနဲ့ မိုရုံတို့နှစ်ယောက်လုံးက စစ်သည်တွေပြောနေကြတဲ့ စကားကို ကြားနေခဲ့ရတယ်။

“ဟုတ်တယ် ငါတို့ရဲ့ တပ်မှူးအသစ်က လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးပဲ”

မိုရုံက စစ်သည်တွေကို ပြောလိုက်တယ်။

“မဖြစ်နိုင်ဘူး”

ရုတ်တရက် ကပ္ပတိန်ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

“ကပ္ပတိန်ဇောင် မင်းက ဘာကို ဆန့်ကျင်ချင်တာလဲ”

မိုရုံက ကပ္ပတိန်ဝတ်စုံဝတ်ဆင်ထားသူကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

ကပ္ပတိန်ဇောင်က ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “လက်ထောက်တပ်မှူး ငါတို့ အသက်တွေကို ယန်ချီရဲ့ လက် အပ်တာထက်စာရင် မင်းရဲ့လက်ထဲ အပ်တာက ပိုကောင်းတယ် ဟုတ်တယ်မှတ်လား”

“ဟုတ်တယ် ”

“ဟုတ်တယ်”

“ဟုတ်တယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now