“မိုင်တထောင်သွားပြီး သတ်ဖို့ မလိုပါဘူး”

သူက ဓါးသွားတစ်ထောင်မှော်ဓါးကို မြောက်လိုက်တယ်။

“တိုက်ကွက်တစ်ကွက်ထဲနဲ့ အများအပြားကို သတ်ဖြတ်မယ်”

စကားသံ ဆုံးသွားတာနဲ့ ဓါးက အောက်ကို ကျဆင်းလာခဲ့တယ်။

အစွမ်းထက် ဓါးအလင်းက ဓါးသွားတစ်ထောင်မှော်ဓါးဆီကနေ ထွက်ပေါ်လာခဲ့တယ်။

“အား . .. .”

မရေမတွက်နိုင်တဲ့ ခြောက်ခြားဖွယ်အော်မြည်သံတွေ ထွက်ပေါ်လာခဲ့တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးကို ဝှေ့ယမ်းတိုက်ခိုက်ပြီးနောက် ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။

“နက်နဲတဲ့ အရည်အချင်းနဲ့ ကျော်ကြားမှု”

🐼🐼🐼🐼🐼🐼🐼🐼🐼

Chapter 532 -  ဘဝရဲ့ ကြောက်စရာ အကောင်းဆုံးအချိန်

ယန်ချီက ဓါးကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ဆီကို ပြေးဝင်လာတဲ့ နတ်ဆိုးမိစ္ဆာရာချီက သေဆုံးသွားကြတယ်။

လက်ကျန် နတ်ဆိုးမိစ္ဆာတွေကလည်း ထိတ်လန့်သွားကြပြီး ယန်ချီကို တုန်လှုပ်စွာ ကြည့်လိုက်မိတယ်။

နတ်ဆိုးမိစ္ဆာတွေက အကုန်လုံး မသေဆုံးသေးပေမယ့် ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီက ဟင်းလင်းပြင်ကြေးမုံဘုရင်ကို အသုံးပြုချင်တာကြောင့်ပါ။

ရုတ်တရက် ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်ကို ဆင့်ခေါ်လိုက်တယ်။

ယန်ချီက ဟင်းလင်းပြင်ကြေးမုံဘုရင်ကို လက်ထဲ ကိုင်ထားခဲ့တယ်။

မူလ နတ်ဆိုးအရှင်သခင်နဲ့ ကျန်နေတဲ့ နတ်ဆိုးစစ်သည်တွေက ယန်ချီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဟင်းလင်းပြင်ကြေးမုံဘုရင်ကို ကြည့်ပြီး အလွန် ထိတ်လန့်သွားကြတယ်။

“လူသား မင်း . . မင်းရဲ့ လက်ထဲက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟင်းလင်းပြင်ကြေးမုံဘုရင်လား”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)On viuen les histories. Descobreix ara