သူက စောင့်ဆိုင်းမနေပဲ နတ်ဆိုးအရှိန်အဝါ ထွက်ပေါ်ရာဆီကို ဖြေးညှင်းစွာ လျှောက်သွားခဲ့တယ်

မိနစ်အနည်းငယ်အကြောမှာတော့ မူလနတ်ဆိုးအရှင်သခင်ကို မြင်လိုက်ရတယ်။

သူ့နောက်မှာတော့ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေ လိုက်ပါလာတာ တွေ့လိုက်ရတယ်။

သူ့အရှေ့ကို ရောက်လာတဲ့ နတ်ဆိုးမိစ္ဆာတွေကို ကြည့်ပြီး ယန်ချီက အားစိုက်ထုတ်ပြီး လိုက်ရှာစရာမလိုတော့ဘူးလို့ တွေးလိုက်မိတယ်။

“လူသား မင်းက မဟာသစ်ပင်ကြီးကို သတ်ပစ်လိုက်တာလား”

မူလနတ်ဆိုးအရှင်သခင်က ယန်ချီကို ကြည့်ပြီး အေးစက်စက် မေးလိုက်တယ်။

မူလနတ်ဆိုးအရှင်သခင်ရဲ့ စကားကို ကြားပြီးနောက်ယန်ချီက နားလည်လိုက်တယ်။

ကြည့်ရတာတော့ ဒီ နတ်ဆိုးမိစ္ဆာတွေက သစ်ပင်ကြီးရဲ့ ခြောက်ခြားဖွယ်အော်မြည်သံကို ကြားပြီး ကူညီဖို့ အပြေးအလွှား ရောက်လာကြပုံရပါတယ်။

“ဟုတ်တယ်”

ယန်ချီက ပြောလိုက်တယ်။

“ဒါနဲ့ စကားမစပ် ဒီ တောအုပ်ထဲမှာ ထောင်ချီတဲ့ နတ်ဆိုးမိစ္ဆာတွေ ရှိတယ်ဆို။ သူတို့ အကုန်လုံးပါ တခါတည်း ခေါ်လိုက်”

ယန်ချီက ဆက်ပြောလိုက်တယ်။

“မင်း ဘာပြောတာလဲ”

ယန်ချီရဲ့ စကားကို ကြားတော့ မူလနတ်ဆိုးအရှင်သခင်က ယန်ချီကို ဒေါသတကြီးနဲ့ အေးစက်စက် စူးစိုက်ကြည့်လိုက်တယ်။ “ဒီကိစ္စက ဘာများ မှားနေလို့လဲ”

ယန်ချီက ပေါ့ပါးစွာ ပြုံးပြီး မေးလိုက်တယ်။

“ဒီလူသားကို အပိုင်းပိုင်း ဖြတ်စမ်း”

ရုတ်တရက် မူလနတ်ဆိုးအရှင်သခင်က အော်ဟစ် အမိန့်ပေးလိုက်တယ်။

မူလနတ်ဆိုးအရှင်သခင်ရဲ့ အမိန့်ကို ကြားတဲ့အခါ ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေက ယန်ချီဆီကို အပြေးအလွှား ပြေးဝင်သွားကြတယ်။

“ခြေဆယ်လှမ်းအတွင်း လူတစ်ယောက်ကို သတ်ဖြတ်ခြင်း”

ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now