နောက်ဆုံးမှာတော့ သူ့အနေနဲ့ ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ အစိတ်အပိုင်း သုံးခုလုံးကို ရှာတွေ့ခဲ့ပါပြီ။

သူက ခုန်တက်လိုက်ပြီး နောက် ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ အစိတ်အပိုင်းကို လက်နဲ့ ဖမ်းဆွဲလိုက်တယ်။

“ဒင် ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ အစိတ်အပိုင်း သုံးခုလုံးကို ရှာဖွေ တွေ့ရှိပါပြီ။ ပေါင်းစည်းမှာလား”

“ပေါင်းစည်းမယ်”

ယန်ချီလည်း ထပ်မံစဉ်းစားမနေတော့ပဲ ပေါင်းစည်းဖို့ ကြိုးစားလိုက်တယ်။

“ပေါင်းစည်းဖို့ စတင်ခြင်း”

“ပေါင်းစည်းခြင်း အောင်မြင်ပါတယ်”

စနစ်က ဟင်းလင်းပြင်ကြေးမုံဘုရင်နဲ့ လုံးဝ ပေါင်းစည်းပြီးသွားနောက် ယန်ချီက ဟင်းလင်းပြင် ကြေးမုံဘုရင်ကို ထုတ်ကြည့်လိုက်တယ်။

ဒီ စိတ်ဝိဉာဉ်လက်နက်ကို ကြည့်ရတာ တရုတ် ဒဏ္ဍာရီတွေထဲက ပန်ဂူရဲ့ ကြေးမုံမှန်အလား ဖြစ်နေခဲ့ပြီး အလွန်တရာကို လွှမ်းမိုးတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့တယ်။

များစွာ တွေးတောခြင်းမရှိပဲ ယန်ချီက သူ့ခန္ဓာကိုယ်နဲ့ ဟင်းလင်းပြင်ကြေးမုံဘုရင်ကို ပေါင်းစည်းလိုက်တယ်။

အခုဆိုရင် သူ့မှာ အစွမ်းထက် စိတ်ဝိဉာဉ်လက်နက် ခုနှစ်ရှိ ရှိသွားပါပြီ။

သူတို့တွေထဲမှာ ကောင်းကင်အဆင့် အဆင့်နိမ့် သုံးခု၊ ကောင်းကင်အဆင့် အလယ်အလတ် တစ်ခုနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် သုံးခုပါ။

ဒီလို အစွမ်းထက် စိတ်ဝိဉာဉ်လက်နက်တွေက ဒီ စိတ်ဝိဉာဉ်ကုန်းမြေမှာ ပိုင်ဆိုင်သူ တစ်ယောက်သာ ရှိနိုင်ပါတယ်။

အခုတော့ ယန်ချီက သူ့အနေနဲ့ ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ အစိတ်အပိုင်း သုံးခုလုံးကို ရရှိပြီဖြစ်တာကြောင့် တစ္ဆေတောအုပ်ထဲက နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ဖို့ စတင်သင့်ပြီဖြစ်ကြောင်း တွေးလိုက်မိတယ်။

နတ်ဆိုးအရှိန်အဝါတွေ . . က သူ့ဆီကို တဖြေးဖြေး ချဉ်းကပ်လာတာ သတိပြုမိလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now