“ဓါးဆွဲထုတ်မှတ် + ၃၀ ဟုတ်လား . . .”

ယန်ချီက ပြုံးလိုက်မိတယ်။

သူက စိတ်ဝိဉာဉ်အရှင်သခင်အဆင့်ကို ချုိုးဖြတ် ရောက်ရှိသွားတာကြောင့် ဓါးဆွဲထုတ်မှတ် တိုးလာတယ်လို့ တွေးလိုက်မိတယ်။ အစောပိုင်းမှာ သူ့ရဲ့ ဓါးဆွဲထုတ်မှတ်က ၂၀ ပဲ ရှိတာလေ။

“ဟိုး ..  မင်းက ဓါးကို ဆွဲထုတ်လိုက်တယ်ပေါ့”

အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးက ယန်ချီ ဓါးဆွဲထုတ်လိုက်တာကို မြင်တော့ ပြုံးရွှင်ပြီး ပြောလိုက်တယ်။ သူက ယနချီကို တခုခုပြောချင်ပေမယ့်လည်း ဓါးသွားတစ်ထောင်မှော်ဓါးပေါ်က ကွင်းတွေကို မြင်သွားပြီး အံ့သြမှင်သက်သွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ လက်ထဲမှာ ရှိတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးမှာ အနီရောင်သုံးကွင်း ရှိနေတာကြောင့်ပါ။

“အိုး ဘုရားရေ  ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ပါလား. . ”

ဘေးမှာ ရှိနေတဲ့ ယွဲ့ချင်းဂဲကလည်း မဖြစ်နိုင်တာ တစ်ခုကို မြင်လိုက်ရသလို သတိလက်လွှတ်ရေရွတ်မိလိုကတယ်။

သူမ မြင်လိုက်ရတာက အနီရောင်သုံးကွင်းနဲ့ ဆက်နွယ်မှု လက်နက်လေ။

စီနီယာက ဒီလို ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်ကို လက်နက်ကို တကယ်ပိုင်ဆိုင်လိမ့်မယ်လို့ သူမ အိမ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါဘူး။

ဒီကိစ္စကို ယွဲ့ချင်းဂဲသာမက အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးလည်း မထင်ထားမိတဲ့ ကိစ္စပါ။

အချိန်အတော်ကြာ တွေဝေသွားတဲ့ အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးက ယန်ချီကို အေးစက်စက် ကြည့်လိုက်တယ်။

“လူသား မင်းမှာ ပစ္စည်းကောင်းလေးတွေ ရှိလိမ့်မယ်လို့ ငါထင်မထားမိဘူး”

အဆင့်ခြောက် နတ်ဆိုးသားရဲ မြွေဘုရင်ကြီးအနေနဲ့ ယန်ချီက တကယ်ကို ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်ထားပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now