အခုဆိုရင် ပဉ္စမအဆင့် အောင်မြင်ဖို့အတွက် ဓါးအကြိမ် ငါးသန်းသာ လိုပါတော့တယ်။

သူ့ရဲ့ ကျင့်စဉ်အဆင့်ကလည်း အခုဆိုရင် အဆင့် ၅၇ ကနေ အဆင့် ၆၁ စိတ်ဝိဉာဉ်အရှင်သခင်အဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။

အခုဆိုရင် သူက စိတ်ဝိဉာဉ်အရှင်သခင်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။

ဒီလို အဆင့်ချိုးဖြတ်မှုက တကယ်ကို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းပါ။

ယန်ချီက ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။

ယန်ချီက ဓါးဆွဲထုတ်တာ ရပ်တန့်လိုက်တာ မြင်လိုက်တော့ ချင်မျိုးနွယ် မျိုးဆက်သစ်တွေအားလုံး သက်ပြင်းချမိလိုက်တယ်။

သူတို့တွေက ယန်ချီကို ဓါးဆွဲထုတ်တာ ရပ်တန့်လိုက်ပြီလို့ ထင်လိုက်ကြတယ်။ သူသာ ဓါးကို ဆက်လက် ဆွဲထုတ်ပါက သူတို့တွေအနေနဲ့ သေတဲ့အထိ ကြောက်လန့်မိသွားစေနိုင်ပါတယ်။

“စီနီယာ အစ်ကိုကြီး ရှင် . .. ”

ချင်ရုရွယ်က ယန်ချီ ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်တာ မြင်တော့ ယန်ချီကို တစ်ခုခုပြောချင်ပေမယ့်လည်း ဘာပြောရမှန်း တကယ် မသိခဲ့ပါဘူး။

“ယန်ချီ အခုဆိုရင် မင်းရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ”

ချင်မျိုးနွယ်ခေါင်းဆောင် ချင်ကျန်က ယန်ချီကို သိချင်စိတ်နဲ့ မေးလိုက်တယ်။

ယန်ချီက ဓါးကို အရူးအမူး ဆွဲထုတ်တဲ့အခါ ယန်ချီရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက တိုးတက်လာတာကို သူ မြင်တွေ့ခဲ့ပါတယ်။

ဒါက ယန်ချီရဲ့ လေ့ကျင့်မှုကြောင့်ဆိုတာ သူ မှန်းဆဖို့ မခက်ခဲပါဘူး။

ချင်မျိုးနွယ်ခေါင်းဆောင် ချင်ကျန်က ဒီလို ပြောလိုက်တော့ ချင်မျိုးနွယ်က လူတိုင်းက ယန်ချီရဲ့ ကျင့်စဉ်အဆင့် ဘယ်လောက်လဲဆိုတာ သိချင်တာကြောင့် သူ့ကို ဝိုင်းကြည့်လိုက်ကြတယ်။

“အဆင့် ၆၁ စိတ်ဝိဉာဉ်အရှင်သခင် အဆင့်ပါ”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။ လူတွေက ဘာကြောင့် သူ့ရဲ့ကျင့်စဉ်အဆင့်ကို အမြဲတမ်း သိချင်ကြတာလဲဆိုတာ သူ နားမလည်ခဲ့ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now