“အဲ့ဒါဆိုရင် ကျွန်တော် တတိယထပ်ကို သွားချင်တယ်”

ယန်ချီက အဖိုးအိုကို ပြောလိုက်တယ်။

စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုလည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။

“မင်းက တတိယထပ်ကို သွားချင်တာလား”

ချက်ချင်းပင် စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက ယန်ချီရဲ့ အကြောင်းကို မှန်းဆလိုက်မိပြီး ယန်ချီကို မေးလိုက်တယ်။

“ငါ မှန်းဆတာ မမှားဘူးဆိုရင် မင်းက လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး မှတ်လား”

“ဟုတ်ပါတယ် စီနီယာ”

စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက သူ့ရဲ့ မုတ်ဆိတ်ဖြူကို သပ်လိုက်တယ်။

“အဲ့ဒါဆိုရင် မင်းရဲ့ ကျင့်စဉ်အဆင့် ကို စစ်ဆေးကြည့်မယ်”

ဒုတိယထပ်ကို စောင့်ကြပ်နေတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုက ဒုတိယထပ်ကနေ မထွက်ခဲ့ပေမယ့် လင်ဂိုဏ်းမှာ အဓိက တပည့်ကြီး ရှိတယ်ဆိုတာ သိပါတယ်။ အဲ့ဒီတပည့်ကြီးက စိတ်ဝိဉာဉ်ကုန်းမြေမှာ တကယ် ပါရမီရှင်တွေကြားထဲက ပါရမီရှင်တစ်ယောက်လေ။

ဒီလို လူမျိုးဆိုတာ အရင်တုန်းကလည်း မရှိသလို နောင်လဲ ရှိလာမှာ မဟုတ်ပါဘူး။

ယန်ချီလည်း သူ့ရဲ့ လက်ကို ကျင့်စဉ်အဆင့် စမ်းသပ်တဲ့ ကျောက်တုံးပေါ် တင်လိုက်တယ်။

“နာမည် ယန်ချီ”

“အသက် ဆယ့်ခြောက်နှစ်”

“ကျင့်စဉ်အဆင့် အဆင့် ၄၈ မဟာစိတ်ဝိဉာဉ်ဘုရင် အဆင့် ”

ကျင့်စဉ်အဆင့် စမ်းသပ်တဲ့ ကျောက်တုံးပေါ်က အချက်အလက်တွေကို ကြည့်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့် အဖိုးအိုတစ်ယောက် အရင်က လုံးဝ မဖြစ်နိုင်တဲ့ အရာတစ်ခုကို မြင်လိုက်ရသလို မျက်လုံးအစုံပြူးကျယ်ပြီး မှင်သက်သွားခဲ့တယ်။

“အသက် ဆယ့်ခြောက်နှစ်နဲ့ မဟာ စိတ်ဝိဉာဉ်ဘုရင် အဆင့်လား”

“ဒီလို ပါရမီမျိုးနဲ့ဆိုရင်. . .”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now