“ဘာလဲ ” တတိယအကြီးအကဲက ဝူယွင်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “အဲ့ဒီလူကို မင်းကြောက်နေတာလား”

ဘေးကနေ နားထောင်နေတဲ့ ဝူမျိုးနွယ်က လူငယ်တွေကတော့ ဝူယွင်ဘယ်လို ပြန်ဖြေမလဲဆိုတာ သိချင်တာကြောင့် ဝူယွင်ကို ကြည့်လိုက်ကြတယ်။

“မဟုတ်. . မဟုတ်ဘူး”

ဝူယွင်က အံ့အားသင့်စွာနဲ့ ခေါင်းခါယမ်းလိုက်တယ်။

ဝူမျိုးနွယ်ရဲ့ သခင်လေးတစ်ယောက်အနေနဲ့ မျိုးနွယ်ခွဲတွေက လူငယ်တွေရဲ့ အရှေ့မှာ ယန်ချီကို ကြောက်လန့်တယ်လို့ ဖြေလိုက်ရင် သူကို ဝိုင်းဝန်းလှောင်ပြောင်ကြမှာကို စိုးရိမ်နေခဲ့တယ်။

တကယ်တော့ မျက်နှာချင်း မဆိုင်ချင်တာကြောင့် တက်နိုင်သမျှ ခေါင်းငုံ့လိုက်တယ်။

“မင်း မကြောက်ဘူးဆိုရင် သွားစို့”

အဲ့ဒီလို ပြောပြီးနောက် တတိယအကြီးအကဲဖြစ်သူ ဝူချောင်က လူငယ်တွေကို ဦးဆောင်ပြီး စံအိမ်ကနေ ထွက်လာခဲ့တယ်။

ဒီမြင်ကွင်းကို မြင်တော့ ဝူယွင်က အံကြိတ်လိုက်ပြီး အနောက်ကနေ လိုက်လာခဲ့တယ်။

ဒီတခါ စံအိမ်ကနေ ထွက်လာတာက ဝူယွင်နဲ့ တတိယအကြီးအကဲ ဝူချောင်တို့အပြင် ဝူယွင်နဲ့ ဆက်ဆံရေးကောင်းတဲ့ တိုက်ရိုက်မျိုးဆက်က လူငယ် ဆယ်ယောက်ကျော် ပါလာခဲ့တယ်။

သူတို့တွေ ယီပင်းရှင်း စားသောက်ဆိုင်ကိုရောက်တော့ ယန်ချီနဲ့ ချင်ရုရွယ်တို့က မရှိတော့ပါဘူး။ ဒါကြောင့် သူတို့တွေက ဟန်ဟိုင်မြို့ထဲ လိုက်ရှာကြပါတော့တယ်။

ဟန်ဟိုင်မြို့က အလွန်ကြီးမားတဲ့ မြို့တစ်မြို့ပါ။ သူတို့တွေအနေနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ချက် မရှိပါဘူး။

ဒါပေမယ့်လည်း ကံမကုန်ရင် ပြန်ဆုံကြစမြဲဆိုတဲ့ စကားအတိုင်းပါပဲ။

သူတို့တွေက ဆိုင်ကနေ ထွက်လာပြီး မကြာမီမှာပဲ ယန်ချီနဲ့ ချင်ရုရွယ်တို့နဲ့ မျက်နှာချင်း ဆိုင်မိလိုက်ကြတယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 382 - ကြောင်အမ်းနေတဲ့ ဝူမျိုးနွယ်များ

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin