“မင်းပြောတဲ့ လူက အသက်ဘယ်လောက်ရှိပြီလဲ”

“သူ့ကို ကြည့်ရတာ အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်လောက်ပဲ ရှိဦးမယ်”

ဝူယွင်က အမှန်အတိုင်း ပြောလိုက်တယ်။

“ဟား ဟား ဟား ”

ဝူချောင်က အားပါးတရ ရယ်မောလိမ့်မယ်လို့ ဝူယွင် မမျှော်လင့်မိထားပါဘူး။

“တတိယ ဦးလေး ဘာလို့ ရယ်တာလဲ”

ဝူယွင်က တတိယ ဦးလေး ဖြစ်သူ ဝူချောင်ကို နားမလည်နိုင်စွာ  ကြည့်လိုက်တယ်။

“ရှောင်ယွင် အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်လောက် ရှိတဲ့လူငယ်တစ်ယောက်က အဆင့် ၄၁ မဟာစိတ်ဝိဉာဉ်ဘုရင် အဆင့်ကို ရောက်နိုင်ပါ့မလား”

“ကောင်းကင်ကြယ်အင်ပါယာမှာ မပြောနဲ့။ စိတ်ဝိဉာဉ်ကုန်းမြေ တစ်ခုလုံးမှာတော့ ဒီလို ပါရမီရှင် မရှိဘူး”

တတိယအကြီးအကဲ ဝူချောင်က လှောင်ပြောင် ပြောဆိုလိုက်တယ်။

နားထောင်နေကြတဲ့ လူငယ်တွေကလည်း ခေါင်းကို အသီးသီး ညိတ်လိုက်ကြပြီး သူတို့လည်း တတိယအကြီးအကဲလိုပဲ ခံစားခဲ့ရတယ်။ အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်နဲ့ အဆင့် ၄၁ မဟာစိတ်ဝိဉာဉ်ဘုရင်အဆင့် ရောက်လာခဲ့ရင် အဲ့ဒီသူရဲ့ အစွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူတို့တွေ မှန်းဆနိုင်တာ ကျော်လွန်လောက်ပါတယ်။

ဝူယွင်က တတိယဦးလေးဖြစ်သူ ဝူချောင်ရဲ့ စကားတွေကို ကြားတဲ့အခါ သူလည်း မှင်သက်သွားခဲ့တယ်။

“မဟုတ်ဘူး တတိယ ဦးလေး။ သူက တကယ်ကို အစွမ်းထက်တာ။ သူနဲ့ ရင်ဆိုင်စဉ်တုန်းက အသက်ရှင်လွှတ်မြောက်နိုင်မယ့် အခွင့်အရေး မရှိဘူးလို့ ခံစားမိတယ်”

“အဲ့ဒီတော့. . .”

တတိယအကြီးအကဲဖြစ်သူ ဝူချောင်က ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “သွားကြစို့ မင်းအတွက် တတိယဦးလေး လက်စားချေပေးမယ်”

ဝူယွင်တစ်ယောက် ခဏလောက်စဉ်းစားနေမိတယ်။

သူ့အနေနဲ့ ယန်ချီကို အလွန် ကြောက်လန့်သွားတာကြောင့် နောက်တစ်ကြိမ် ပြဿနာ သွားမရှာရဲပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now