" ဟုတ်ပြီ , တာ့တာ "

" ပြန်တော့မှာလား "

" အွန်းဟုတ်တယ် "

" တာ့တာပါ "

ဂျောင်စက်ဘီးနင်းပြီးခရီးလမ်းဆုံးတဲ့အချိန်ထိ
မသွားသေးဘဲ ရပ်နေတဲ့ခြေလှမ်းတွေဟာ
လှုပ်ရှားဖို့ အသက်္မဝင်တော့။
သူရယ် ကျွန်တော်ရယ်က တကယ်ဘဲဘာဆက်ဆံရေးဖြစ်နေခဲ့တာလည်း။

ကျွန်တော်နားလည်တဲ့ သူငယ်ချင်းဆက်ဆံရေးကဒီလိုမဟုတ်တာတော့သေချာတယ်။

" ဟျောင့် ထယ်ယောင်း "

ဂျယ်ဂယောင်းသည် အိမ်ရှေ့မှာငုပ်တုပ်ထိုင်ကာစောင့်နေသည့်ဟန်။
မျက်န‌ှာလည်းကောင်းပုံမရ။
ပန်းအိုးများအကြားကအုတ်နီခုံပေါ်တွင် ငူငိုင်စွာထိုင်နေသည့်အလျောက်ဆိုလျှင်
အရေးကြီးသော ကိစ္စတစ်ခုဖြစ်ခဲ့သည်ရသည်။

"  ဘာဖြစ်တာလည်း "

" ငါ သေပြီထင်တယ် ငါရပ်မရတော့ဘူး အရူးကောင်ရ "

" ပြောလေ ပြောမှသိမှာပေါ့ "

" ငါ လီဒိုဆော့ဆိုတဲ့အကောင်ကိုလိင်တူသဘောကျနေမိပြီ "

" စာမေးပွဲနီးလို့ပလပ်တွေက‌ျွတ်နေပြီလား ငါ့ကောင်ရာ အသာလုပ်ပါ "

" မင်းမေကြီးတော် ငါအတည်ပြောနေတာ "

" ဘာ ဒါဆို မင်းတကယ်ပေါ့ "

" အေးလို့ ဒါပေမယ့် အဲ့ကောင်မှာ ကောင်မလေးရှိတယ်ဟ "

" အဲ့တာအစတည်းကသိနေတာကို "

" ငါရူးချင်ပြီ "

ခေါင်းငိုက်စိုက်ကျကာမှီတွဲလေးပင့်‌လာတဲ့ဂျယ်ဂယောင်းကိုကြည့်ရင်း စိတ်ထဲလည်းမရေမရာတွေဖြစ်မိတော့သည်။ဂျယ်ဂယောင်းအားမေးရမည့်
မေးခွန်းပေါင်းသောင်းခြောက်ထောင်ကလည်း
ခေါင်းထဲပြည့်နှက်နေ။

" မင်း ဘယ်လိုစကြိုက်သွားရတာလည်း ပြောစမ်း
ဒါသမရိုးကျမဟုတ်ဘူး "

" သူကအမြဲအကောင့်မှာစကားတွေလာလာပြောတယ်
ကျောင်းပြန်တိုင်းလည်း ဘတ်စ်မှာစကားတွေပြောရင်းပြန်ဖြစ်ကြတယ် ၊ ငါလည်းအစက သာမန် ဖောရှောလိုက်တာပေါ့ ၊ ကြာလာတော့ ငါသူ့ကိုမတွေ့ရရင် ကျောင်းအတူမပြန်ရရင် စကားမပြောရရင်ကို
နေမပျော်တော့ဘူး တစ်ခုခုကလစ်ဟာသွားနေတာလိုမျိုး "

P I E C E SWhere stories live. Discover now