"သားကတကယ်ပဲအဲ့ကောင်လေးကိုသဘောကျနေတာလား သားအမေသာရှိရင်....

"တော်ပါတော့!!!အမေနဲ့ဘယ်အချိန်ထိ သားကိုကိုင်ပေါက်နေမာလဲ သားအရမ်းပင်ပမ်းနေပြီ တော်ပါတော့"

မျက်ရည်တွေကထိန်းမရအောင်ကျနေရင်း သူအိပ်ခန်းဆီသာရှောင်ပြေးခဲ့မိတယ် သူလွတ်မြောက်ချင်နေပြီ ဒီပြသာနာတွေကနေ

သူ့ကိုယ်သူအခန်းထဲပိတ်လှောင်ထားတာ ဘာလိုလိုနဲ့၅ရက်ရှိသွားပြီ သူကျောင်းလည်းမသွားဖြစ်သလိုဖုန်းကိုလည်းစက်ပိတ်ထားမိတယ်

"သား တံခါးဖွင့်ပါအုံး "

သူအမေဆုံးသွားတုန်းကလည်းသူအခန်းပဲအောင်းနေခဲ့တာ အာ့ကြောင့်သူ့အဖေသူ့ကိုစိုးရိမ်နေခြင်းဖြစ်သည်

"သားရေ တစ်ခုခုတော့စားပါဦး အားပြတ်သွားလိမ့််မယ်"

သူတကယ်လည်းအားပြတ်နေပြီ ၅ရက်လုံးရေကလွဲသူဘာမှမစားဖြစ်

"သခင်ကြီး ကျွန်တော်တံခါးဖြတ်၀င်လိုက်မယ်"

"အဲ့လိုပဲလုပ်လိုက်ပါ မဟုတ်ရင်သားတစ်ခူခုဖြစ်တော့မှာ"

သော့နဲ့ဖွင့်၀င်လို့မရအောင် Chanyeolတံခါးကိုကိုယ်တိုင်လုပ်ထားတာကြောင့် အထဲကမဖွင့်ရင်ဘာမှလုပ်လို့မရ နောက်ဆုံးတံခါးဖြတ်၀င်ဖို့သာသူတို့ဆုံးဖြတ်ကြသည်

"မဖြစ်ဖူး တံခါးဖြတ်လို့"

သူကုန်းရုံးထရင်း တံခါးကိုသူဖွင့်နေမိတယ်

အားနည်းနည်းစိုက်လိုက်ရတာကြောင့်သူလှဲကျသွားသည်

"သား!!!!!

"ဆေးရုံကားကိုမြန်မြန်ဆက်!!!"

_____________

Chanyeolအိမ်မက်ထဲမှာ သူ့မေမေနဲ့တွေ့နေသည်

"အမေ "

"သားလေး"

"အမေ သားတောင်းပန်ပါတယ် အမေသေရတာသားကြောင့်ပါ သားကြောင့်"

ငိုယိုနေရင်းသူမေမေ့ကိုဖက်တွယ်ထားသည်

"သားကြောင့်မဟုတ်ဖူးလေ တကယ်လို့အဲ့နေ့ကိုပြန်ရောက်ရမယ်ဆိုရင်တောင်သားကိုအမေကယ်မှာ အာ့ကြောင့်သားလေးကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့နော် ပျော်အောင်နေရမယ်နော်"

အဲ့အက်စီးဒင့်မှာသူသေသွားရမာလို့သူအမြဲတမ်းတွေးခဲ့သည် အမေသာသူ့အစား ကားတိုက်မခံပေးလိုက်ရင် သူသေရမှာ

မျက်ရည်တွေနဲ့ သူ့အမေက်ိုလှမ်းခေါ်နေရင်း သူသတ်ိပြန်ရလာပြီ

"အမေ့!!!"

"သား နိုးလာပြီလား အဖေတောင်းပန်ပါတယ် "

Chanyeolကိုသူ့ဖေဖေကဖက်လိုက်ရင်း သူ့ကိုတောင်းပန်နေသည်

"သားအတွက် ဖိအားတစ်ခုလိုဖြစ်နေလိမ့်မယ်လို့အဖေဘယ်တုန်းကမှမတွေးမိခဲ့ဖုး တောင်းပန်ပါတယ် သားဆိုယွန်းကိုမယူချင်ရင် မယူပါနဲ့ အဖေဖိအားမပေးတော့ဖူးနော်"

"အဖေ သားလည်းတောင်းပန်ပါတယ် အမေကသားကြောင့်သေခဲ့ရတာ သားကအဖေသိပ်ချစ်တဲ့အမေ့ကို ...."

"သားအမှားမဟုတ်ဖူး အဖေလည်းအဲ့မှာရှိနေရင် သားအမေလုပ်သလိုလုပ်မိမာပဲ အာ့ကြောင့် သားက ပျော်အောင်နေရမယ်နော် ကိုယ့်ကိုကိုယ်အပြစ်မတင်ဘဲ"

သူနဲ့အဖေနဲ့လည်းပြေလည်သွားပေမဲ့ ဆိုယွန်းကတော့သူ့ကိုမကျေနပ်သေးပေ

သူဆေးရုံကဆင်းတော့ သူပထမဆုံးသတိရမိတာ Kyungsoo

အခုဆိုကားလေးက သူ့အိမ်ရှေ့မှာ ရောက်နေပြီ

"ဦးလေး ဟွန်းတီးလိုက်ပါအုံး သူကြားအောင်"

ဟွန်းသံကြားတော့ အိမ်ပေါ်ထပ်ကပြတင်းပေါက်လေးကလှမ်းကြည့်လာတဲ့Kyungsooရယ်ပါ သူ့ကိုမြင်သည်နှင့်ချက်ချင်းပြုံးသွားပြီး အောက်ပြေးဆင်းလာတဲ့Kaungsoo

"Kyungsoo..."

ချက်ချင်းပြေးလာပြီးပြေးဖက်တဲ့Kyungsooကြောင့်သူ့မှာအံ့သြရပြန်တယ်

"ဘာလို့ပျောက်သွားတာလဲ ကျွန်တော်စိုးရိမ်နေမယ်ဆိုတာ မသိဖူးလား"

ငိုနေတဲ့Kyungsooကြောင့်သူပြာယာခတ်စွာ

"ကိုယ်တောင်းပန်ပါတယ် နောက်ဆိုမပျောက်သွားတော့ဖူးနော် ကိုယ်မင်းနားမှာပဲကပ်တွယ်နေမယ် ရတယ်မလား"

"ဗျာ"

ဖက်ထားရာကနေခွာပြီး အံ့သြနေတဲ့သူ့ကို အူးယားစွာနဲ့ နမ်းလိုက်မိသည်

_______T.B.C_____

Endless Summer🌞(Completed)Where stories live. Discover now