ယန်ချီက မြင်းပေါ်က ရှဂျီပါးကို ပြောလိုက်တယ်။

ရှဂျီပါးလည်း အံ့အားသင့်နေခဲ့တယ်။ ယန်ချီက သူ့ကို ဆုံးမစကားပြောလိမ့်မယ်လို့ သူလုံးဝကို မတွေးမိထားပါဘူး။

“ဖယ်စမ်းပါ”

ရှဂျီပါးက ယန်ချီရဲ့ စကားဆုံးသွားတဲ့အချိန်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

ယန်ချီက ပေါ့ပေါ့ပါးပါးပြုံးလိုက်ပေမယ့်လည်း မရွေ့လျားခဲ့ပါဘူး။ သူက ရှဂျီပါးရဲ့ စကားကို မကြားသလို ပြုမူနေခဲ့တယ်။

ယန်ချီတစ်ယောက် လမ်းမဖယ်ပေးတာကို မြင်တော့ ရှဂျီပါးတစ်ယောက် ဒေါသထွက်လာခဲ့တယ်။

“ဂျူနီယာလေး င့ါက အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့် နော်။ ငါ မင်းကို သတ်လိုက်မှာ မကြောက်ဖူးလား”

ရှဂျီပါးက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ ယန်ချီက ထူးခြားတဲ့ အသွင်ရှိပြီး ပိုးသားဝတ်စုံကို ဝတ်ဆင်ထားတာကို မြင်တော့ ယန်ချီက ဒီမြို့ရဲ့ မျိုးနွယ်ကြီးတစ်ခုရဲ့ လူငယ်တစ်ယောက်ဖြစ်နိုင်ကြောင့် နားလည်တယ်။

ဘေးကနေကြည့်နေကြတဲ့ လူတွေကတော့ ရှဂျီပါးရဲ့ စကားကို ကြားတော့ မအောက်နိုင်ကြပဲ ရယ်မောလိုက်ကြတယ်။

ဘာကြောင့်လဲဆိုတော့ ရှဂျီပါးရဲ့ စကားတွေက အနည်းငယ် ရယ်စရာ ကောင်းနေခဲ့တယ်လေ။ အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့်ဆိုတာ လူငယ် တစ်ယောက်အနေနဲ့  တကယ်ကို မြင့်မားတယ်ဆိုပေမယ့် ယန်ချီအရှေ့မှာတော ဘာမှ မဟုတ်ပါဘူး။

ယန်ချီက မြေတိမ်တိုက်တိုက်ခိုက်ရေးကွင်းမှာတုန်းက အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့် ဖြစ်သူ လင်းဂျဲကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်လေ။

“မင်းက အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့်လား” ယန်ချီက ရှဂျီပါးကို မျက်လုံးမှေးကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “မင်း ငါ့ကို တောင်းပန်မယ်ဆိုရင် ငါ မင်းကို ဘာမှ မလုပ်ဘူး”

ယန်ချီကတော့ သူ့တောင်းဆိုချက်တွေက သိပ်အလွန်အကျွံ မဟုတ်ဘူးလို့ ခံစားမိပါတယ်။ သူ့အနေနဲ့ ဒီမြေတိမ်တိုက်မြို့ထဲမှာ မြင်းကို ဒီလောက်ကြီး မြန်မြန် စီးခွင့်ပေးမထားဘူးလေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now