ယန်ချီက ဓါးငယ်လေးကို ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်ပြီးနောက် ဓါးအိမ်လည်း လိုက်ပါ အဆင့်မြင့်သွားလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။ ဒီကိစ္စက သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိတဲ့ ကိစ္စ တစ်ခုပါ။

“ဓါးဆွဲထုတ်မှတ် +၅”

ယန်ချီက ဓါးကို ဆွဲထုတ်ဖို့ ကြိုးစားကြည့်လိုက်တယ်။

ဓါးဆွဲထုတ်မှတ်တွေက ၅ ဆ တိုးလာခဲ့တယ်။

“ပေါင်းစည်းခြင်း”

ယန်ချီက မိုးမခဓါးနဲ့ တိမ်လွှာနဂါးဓါးတို့ကို ဆီရိယပ်သားသတ်ဓါးနဲ့ ပေါင်းစည်းလိုက်တယ်။

ရုတ်တရက် ဆီရိယပ်သားသတ်ဓါးက ပိုပြီး ကြောက်မက်ဖွယ်ကောင်းလာခဲ့တယ်။

🐼🐼🐼🐼🐼🐼🐼🐼

Chapter 322 - ယန်ရှင်ရွှယ်

ဒီပေါင်းစည်းမှုက ဆီရိယပ်သားသတ်ဓါးရဲ့ ကိုယ်ထည်နဲ့ မိုးမခဓါး၊ တိမ်လွှာနဂါးဓါးတို့ ပေါင်းစပ်တာ မဟုတ်ပါဘူး။

ဒီစိတ်ဝိဉာဉ်လက်နက် နှစ်ခုက ဆီရိယပ်သားသတ်ဓါးရဲ့ ဘယ်ညာနှစ်ဖက်မှာ ရှိနေခဲ့တယ်။

အဲ့ဒီအချိန် ဆီရိယပ်သားသတ်ဓါးကို ကြည့်ရတာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးတစ်ချောင်း ဖြစ်နေခဲ့တယ်။

ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ ဆီရိယပ်သားသတ်ဓါးကို မြောက်လိုက်တယ်။

“ဓါးဆွဲထုတ့်ပိုင်းဖြတ်ခြင်း”

“ထွက်လာစမ်း”

ရုတ်တရက် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းက တိမ်လွှာနဂါးဓါးနဲ့ ရောယှက်သွားပြီး အဝေးကို ပျံသန်းသွားခဲ့တယ်။

ဒီတိုက်ခိုက်မှုက တကယ်ကို ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။

“ပိုင်ရှင် မိုးမခဓါးကို အဆင့်မြင့်တင်နိုင်တယ်”

ရုတ်တရက် ယန်ချီရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရတယ်။

“မိုးမခဓါးကို အဆင့်မြင့်တင်နိုင်တာလား”

ယန်ချီရဲ့ မျက်လုံးအစုံ လင်းလက်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now