ရုတ်တရက် ခြေသည်းငါးခု ရွှေရောင်နဂါးကိုးကောင်က ဓါးအလင်းတွေနဲ့ ရောယှက်ပြီး တိမ်လွှာနဂါးဓါးဆီကနေ ပြေးထွက်သွားခဲ့တယ်။

ဓါးအလင်းတွေနဲ့ ရောယှက်နေတဲ့ ခြေသည်းငါးခု ရွှေရောင်နဂါးကိုးကောင်က ကြီးမားတဲ့ ကျောက်တုံးကြီးပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့တယ်။

ကျောက်တုံးကြီးက ချက်ချင်းကို အမှုန့်အဖြစ် ပြောင်းသွားခဲ့တယ်။

ဒီမြင်ကွင်းကို မြင်တော့ ယန်ချီ အနည်းငယ် မှင်သက်နေမိတယ်။

သူက အခုမှ အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာ အဆင့်ပါ။

ဒီစွမ်းအားကတော့ တကယ်ကို ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။

ဒါက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ရဲ့ အစွမ်းပါပဲ။

တိမ်လွှာနဂါးဓါးနဲ့သာ ဆိုရင် သူ့အနေနဲ့ အဆင့် နှစ်ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာသခင်ကို သတ်ဖြတ်နိုင်လိမ်မယ်လို့ ထင်မိလိုက်တယ်။

အဆင့် နှစ်ဆယ့် တစ်အထက်က မဟာစိတ်ဝိဉာဉ် ဆရာသခင်တွေကိုတော့ သူ့အနေနဲ့ မသေချာပါဘူး။

အခုဆိုရင် သူ့မှာ ဓါးဆွဲထုတ်မှတ် တစ်သိန်း ရှိနေပါပြီ။

ဓါးငယ်လေးကို ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်ဖို့က ဓါးဆွဲထုတ်မှတ် တစ်သိန်းလိုအပ်ပါတယ်။

ယန်ချီလည်း ဓါးငယ်လေးကို အဆင့်မြင့်တင်ဖို့အတွက် ရွေးချယ်လိုက်တယ်။

“ဒင် ဓါးဆွဲထုတ်မှတ် တစ်သိန်းအသုံးပြုပြီး ဓါးငယ်လေးကို ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်မှာလား ”

“အဆင့်မြင့်တင်မယ်”

“အဆင့်မြင့်တင်ခြင်းအောင်မြင်ပါပြီ”

စနစ်ရဲ့ အသံဆုံးသွားတာနဲ့ အစောပိုင်းက စင်တီမီတာ နှစ်ဆယ်ရှည်တဲ့ ဓါးငယ်လေးကနေ ဆီရိယပ်သားသတ်ဓါးအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ဆီရိယပ်သားသတ်ဓါးက သုံးပေလေးလက်မရှည်ပြီး ဓါးတစ်ချောင်းလုံးက မဟူရာရောင်ပါ။ ဓါးဆီကနေလည်း သတ်ဖြတ်ခြင်းအရှိန်အဝါတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now