အပိုင်း [၁၀]

Start from the beginning
                                    

''ငါ့ကိုလာမနှောက်ယှက်ပါနဲ့လား လင်းထက်ဒီပါ"

''ဟာ...ဒါကိုနှောင့်ယှက်တယ်လို့ယူဆတယ်ပေါ့၊
မောင့်နှလုံးသားလေး နာကျင်သွားပြီ"

မူပိုဟန်ဖြင့် လင်းထက်ဒီပါကသူ့ရင်ဘတ်သူကိုင်ကာ
ဆိုလာသည်။အရင်ကစိတ်နဲ့ဆို ပျော်ရွှင်သဘောကျမိလောက်ပေမဲ့ ခုချိန်မှာတော့မတူတော့ပြီ။
စကားပြောချင်စိတ်မရှိတော့၍ လင်းထက်ဒီပါကို
မရှိသလိုသဘောထားကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလိုက်သည်။

အမလေး!!!

မပြောမဆိုသူမလက်ကိုဇိုးဇိုးဇက်ဇက်လာဆုပ်ကိုင်တဲ့
လက်ကြီးကြောင့် ပျော်ရွှင်ထိတ်လန့်ကာလက်ထဲက
ယောက်ချိုကိုပင်လွှတ်ချမိသွားသည်။
လာဆုပ်ကိုင်တဲ့လူကိုကြည့်တော့
ဘာတတ်နိုင်သေးလဲဟူသောမျက်နှာပေးဖြင့်
လင်းထက်ဒီပါကခပ်ပြုံးပြုံး။
ပျော်ရွှင့်ရဲ့အထိတ်တလန့်အော်သံကြောင့်
အများကပေါ်ပေါ်ထင်ထင်ကိုကြည့်လာကြပြီ။
တိုးကာ၊ကျယ်ကာဖြင့် အတင်းတွေလည်းတုပ်နေကြပြီ။
ရှက်ရွံ့စိတ်ကြောင့် ပျော်ရွှင့်တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီ။

''ငါ့လက်ကိုလွှတ် လင်းထက်ဒီပါ"

''ဒါဆို မောင့်ကိုအဖြေပေး၊
မောင်လိုချင်တဲ့အဖြေရရင် လွှတ်ပေးမယ်"

ဒါသက်သက်မဲ့ ပျော်ရွှင့်ကိုအကျပ်ကိုင်နေတာ။

''ဟဲ့...ဟဲ့ ဘယ်လိုတွေဖြစ်နေကြတာလဲ"

ဒေါသတကြီးအသံကြောင့် ပျော်ရွှင်ကြည့်လိုက်တော့
လင်းထက်ဒီပါရဲ့မိခင် ဒေါ်မြတ်ဌေးက
အလောတကြီးသူမတို့နားလျှောက်လာသည်။
ဒေါ်မြတ်ဌေးရဲ့မျက်နှာမှာ မာန်အပြည့်မြင်လိုက်ရတော့
ပျော်ရွှင့်စိတ်ထဲစိုးရွံမှုတို့ကိန်းအောင်းလာသည်။
မိခင်ဖြစ်သူကိုမြင်လိုက်ရတော့ လင်းထက်ဒီပါရဲ့မျက်နှာက
စိတ်ပျက်မှုတို့အထင်းသား။

''ဒီကိုလာစမ်း လင်းထက်ဒီပါ"

ပျော်ရွှင့်လက်ကိုဆုပ်ကိုင်ထားတဲ့လင်းထက်လက်ကို
ဒေါ်မြတ်ဌေးကဆွဲဆောင့်ခေါ်ကာ ပျော်ရွှင့်ကို
စူးစူးစိုက်စိုက်ကြည့်လာသည်။
ဒေါ်မြတ်ဌေးရောက်လာတော့ ပွဲပိုစည်သွားဟန်ဖြင့်
လူအများကဝိုင်းအုံကာပင် ကြည့်လာကြပေပြီ။
လူအများရဲ့အကြည့်စူးစူးတွေကြား
ပျော်ရွှင့်ကိုယ်လေးက တဆတ်ဆတ်တုန်ယင်လျက်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ  Where stories live. Discover now