"ဟုတ်လား ကျွန်တော်မျိုးကတော့..."

"အရှင့်သား ရွာသားတစ်ဦးကိုရှာတွေ့လာပါတယ်"

ပြောလက်စစကားများက Lord ဧ။်အသံကြောင့် ရပ်တန့်သွားခဲ့ပြီး ကြောင်စီစီမျက်လုံးများနှင့် ကျီးကြည့်ကြောင်ကြည့်ဖြစ်နေသည့် ထိုရွာသားဧ။်ဟန်ပန်မှာ အတော်လေးသွေးပျက်နေသည်။ မင်းသားအိုင်းဆက်က ထိုလူကို ခဏမျှစိုက်ကြည့်နေပြီးနောက် အနားသို့သွားကာ ပခုံးကိုတချက်ပုတ်လိုက်သည့်အခါ ထိုလူမှာတုန်ခနဲ။

"မင်းက ဒီရွာကလား "

"..........."

"Lord ဒီလူကိုဘယ်ကနေတွေ့ခဲ့ရော့သလဲ"

"ရွာရဲ့အနောက်ဘက် တောအုပ်ထဲက အပင်တွေကြားမှာပါအရှင့်သား။ စ​တွေ့စဉ်ကတည်းက ဘာမှ​မေးလို့မရပဲ အလွန်ကြောက်လန့်နေတဲ့ပုံရပါတယ်"

"ရေနည်းနည်းတိုက်လိုက်ပါ။ ပြီးရင်သူ့ကို ခဏထိုင်ခိုင်းထားလိုက်"

မင်းသားအိုင်းဆက် ​စေခိုင်းချက်အတိုင်း Lord က ထိုလူကို ရွာမြင်ကွင်းနှင့်ဝေးရာသို့ ခေါ်ဆောင်သွားကာ ထိုင်စေ၍ရေတိုက်သည်။ ခဏအကြာတွင်တော့ တည်ငြိမ်စပြုလာသည့်ထိုလူက မင်းသားအိုင်းဆက်ကို သတိထားမိသွားသည်အခါ မြေပြင်ပေါ်ပြားပြားဝပ်ချ၍ အရိုအသေပေးလာသည်။

"အရှင့်သားကို ဂါရဝပြုပါတယ်။ စိတ်အစဉ်ကပ်ငြိမနေလို့ အရှင့်သားကို သတိမမူခဲ့မိတဲ့ ကျွန်တော်မျိုးကို ခွင့်လှည့်ပေးလှည့်ပါ"

"ဘာတွေများတွေ့ကြုံခဲ့ရ​ပေလို့ အခုလိုကြောက်နေရော့သလဲ"

"အရှင့်သား ကျွန်တော်မျိုး...."

ရိုးရှင်းလှသည့် ဖမးခွန်းလေးကိုပင် အထစ်ထစ်အ​ငေါ့​ငေါ့ဖြင့် ဖြေရန်ကြောက်လန့်နေသည့်ပမာ ထိုလူက ​လေးဘက်လေးတန်ကို ပြူးပြာစွာလှည့်ကြည့်​နေခဲ့ပြီး ရုတ်တရက်ကြီး ချုံးပွဲချငိုလာလေတော့ မိမိတို့မှာ ဘာလုပ်ရမည်ကိုမသိစွာ ငြိမ်၍သာနေပေးခဲ့ရသည်။ အချိန်ခေတ္တကုန်ဆုံးသွားသည့်နောက် ထိုလူမှာပြန်လည် တည်ငြိမ်လာကာ မြင်ခဲ့ရသမျှအား ဖြစ်ကြောင်းကုန်စင်ပြောပြလာသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now