ယန်ချီက ဘေးကနေ စောင့်ကြည့်နေခဲ့တယ်။ ဒီအချိန်မှာ ရှုမူက အနှောက်အယှက်ဖြစ်လို့ မရတာကို သိပါတယ်။ အဲ့ဒီလိုမှာ မဟုတ်ရင် စိတ်ပျံ့လွင့်သွားနိုင်ပါတယ်။

ယန်ချီက ရှုမူတစ်ယောက် အဆင့်ချိုးဖြတ်တဲ့ နေရာမှာ ပြင်ပကနေပြီး ကူညီနိုင်ပေမယ့်လည်း ရှုမူကိုယ်တိုင် အဆင့် ချိုးဖြတ်စေချင်ခဲ့တယ်။

ရှုမူတစ်ယောက် အဆင့် မချိုးဖြတ်နိုင်ခဲ့ရင်သာ သူ ဝင်ကူညီမှာပါ။

ယန်ချီက ဘေးကနေပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့တယ်။

“နာရီဝက်အကြာ ..  . . ။

တစ်နာရီအကြာ။”

နှစ်နာရီအကြာ. . . ။

ရှုမူရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ဝိုင်းရံနေတဲ့ ချီစွမ်းအင်တွေက ပိုပိုပြီး သိပ်သည်းလာခဲ့တယ်။

ယန်ချီအနေနဲ့ ရှုမူတစ်ယောက် ရှေးဦးဘိုးဘေးအဆင့်ကို ချိုးဖြတ်တော့မယ်ဆိုတာ သိလိုက်တယ်။

ရှုမူရဲ့ ခန္ဓာကိုယ်ကပိုပို အစွမ်းထက်လာပြီးနောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး စတင် တုန်ယင်လာခဲ့တယ်။

“မကောင်းတော့ဘူး”

ရှုမူရဲ့ စိတ်က မတည်မငြိမ်ဖြစ်နေတယ်လို့ ယန်ချီက တွေးမိလိုက်ပြီး ဒီလို စိတ်မတည်မငြိမ်ဖြစ်တာက အဆင့်ချိုးဖြတ်ရာမှာ အလွယ်တကူ ကျရှုံးနိုင်ပါတယ်။

ဒီအချိန်မှာ သူ ဝင်ကူညီသင့်ပြီလို့ တွေးလိုက်မိတယ်။

ယန်ချီက ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ရှုမူရဲ့ အရှေ့ကို ချက်ချင်း ရောက်သွားခဲ့တယ်။

လက်ဝါးကို ဖြန့်လိုက်တော့ လက်ဝါးပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ချီစွမ်းအင်တွေ ထွက်ပေါ်လာခဲ့တယ်။

ယန်ချီက လက်ဝါးကို ရှုမူရဲ့ ခေါင်းပေါ် ထားလိုက်တယ်။

ရုတ်တရက် ယန်ချီဆီက ချီစွမ်းအင်တွေက ရှုမူရဲ့ ခန္ဓာကိုယ်ကို ကူးပြောင်းသွားခဲ့တယ်။

စက္ကန့်အနည်းငယ် ကုန်သွားပြီးနောက် ရှုမူက မျက်လုံးကို ဖွင့်လိုက်ပြီး သူ့မျက်မှာပေါ်မှာလည်း ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now