စုရွှင်းအာက ဒီလို အလွန်ရင်းနှီးတဲ့ အသံကို ကြားတဲ့အခါ သူမတစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး သူမရဲ့ ချောမွေ့နေတဲ့ မျက်နှာထက်မှာ အလွန်ပျော်ရွှင်သွားခဲ့တယ်။

ဟီရွှယ်လည်း ဒီအသံက ဘယ်သူအသံမှန်း သိပါတယ်။

ခဏအကြာမှာတော့ လူတိုင်းက အသံထွက်ပေါ်ရာ ဆီကို လှည့်ကြည့်လိုက်ကြတယ်။

အဲ့ဒီတော့ သူတို့တွေက ယန်ချီနဲ့ လင်ဂျင်တို့နှစ်ယောက် ဖြေးညှုင်းစွာ လျှောက်လာတာကို မြင်လိုက်ကြတယ်။

အင်ပါယာကျောင်းတော်က ပါရမီရှင်တွေကလည်း အင်ပါယာယန်ချီကို မြင်လိုက်တဲ့အခါ ချက်ချင်းကို စိတ်လှုပ်ရှားသွားကြတယ်။

ဒီလိုနဲ့ပဲ သူတို့တွေက သေခြင်းတရားကနေ နီးကပ်စွာ ကပ်တင်ခံလိုက်ရပါပြီ။

ဒီလို အခြေအနေမျိုးကို ဘယ်လို စကားနဲ့ မဖော်ပြနိုင်ပါဘူး။

လင်ဂျင်ရဲ့ အမူအယာကလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရတယ်။

သူက ဆယ်မီတာ အချင်းဝက်မှာ ရှိတဲ့ သစ်ပင်တွေကို မပိုင်းဖြတ်နိုင်ပေမယ့် ဒီအကြောင်းကို တွေးနေခဲ့တယ်။

သူက အဆင့်မြင့်သိုင်းအရှင်သခင်အဆင့်ကို ချိုးဖြတ်ခဲ့ပြီး သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် သုံးသန်းပါ။

မူလရှေးဦးဆရာအဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် ခြောက်သန်းဖြစ်ပြီး ဒီကြားမှာ သုံးသန်းလောက်ကွာဟပါတယ်။

သူ့အနေနဲ့ ယန်ချီကို တိုက်ခိုက်ရေးစွမ်းအား ဂျင် ငါးသန်းနဲ့ အဆင့်မြင့်သိုင်းအရှင်သခင်အဆင့်ကို တွေးနေခဲ့ပေမယ့် ဒါက မဖြစ်နိုင်ဘူးလို့ ထင်မိလိုက်တယ်။

ယန်ချီသာ ရှေးဦးဆရာအဆင့်မဟုတ်ဘူးဆိုရင် ဒီသွေးလင်းယုန် လူမိုက်အဖွဲ့နဲ့ ရင်ဆိုင်တဲ့အခါအသက်အန္တရယ်ကြုံတွေ့နိုင်တယ်။

“အင်ပါယာ ယန်ချီ ”

အင်ပါယာ ကျောင်းတော်က ပါရမီရှင်တွေအားလုံးက မူလသိုင်းဆရာအဆင့်တွေ ဖြစ်ကြပြီး သူတို့တွေက ကျယ်လောင်စွာေ အ်ာဟစ်ပြီး ယန်ချီကို အရိုအသေပေးလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now