ရုတ်တရက် အေးစက်စက် အလင်းတစ်ခု ပေါ်ထွက်လာခဲ့ပြန်တယ်။

အဲ့ဒီနောက်တော့ နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ဦးခေါင်းက ယန်ချီရဲ့ လက်ထဲ ရောက်လာခဲ့ပါတယ်။

ယန်ချီက လက်ထဲမှာ နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ဦးခေါင်းကို ကိုင်ထားပြီး ပထမခံစစ်မြို့တော်ဆီကိုေ ဖြးညှင်းစွာ လျှောက်လာခဲ့တယ်။

သူက ပထမမြို့တော်အပြင်ဖက်ကို လျှောက်လာတဲ့အခါ နဂါးတိုင်းပြည်အင်ပါယာမြို့တော်၊ အခြေစိုက်စခန်းရှစ်ခုက သိုင်းပညာရှင်တွေ စစ်သားတွေ ၊ အင်ပါယာနဲ့ အခြေစိုက်စခန်းတွေက ခေါင်းဆောင်တွေအနေနဲ့ အတူတကွ ပူးပေါင်း နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ တိုက်ခိုက်နေတာကို မြင်လိုက်ရတယ်။

သွေးတွေက သူတိုရဲ့ တိုက်ပွဲဝင် ဝတ်စုံမှာ ရဲရဲနီမြန်းနေခဲ့ပါတယ်။

သူတို့တွေက ယန်ချီတစ်ယောက်  ရောက်လာတာကို မြင်တော့ ရုတ်တရက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြတယ်။

“အင်ပါယာ ယန်ချီ ပြန်ရောက်တာကို ကြိုဆိုပါတယ်”

“အင်ပါယာ ယန်ချီ ပြန်ရောက်တာကို ကြိုဆိုပါတယ်”

“အင်ပါယာ ယန်ချီ ပြန်ရောက်တာကို ကြိုဆိုပါတယ်”

လူ ဆယ်သန်းကျော်ရဲ့ တညီတညာထဲ ဟစ်ကြွေးလိုက်တဲ့ အသံက မိုးခြိမ်းသံအလား ဘုံကိုးခုကို ဖြတ်သန်းသွားခဲ့တယ်။

ဒီမြင်ကွင်းကို မြင်တဲ့ ကြားတဲ့လူတိုင်း အလွန်တရာကို ထိတ်လန့်တုန်လှုပ်သွားလောက်တယ်။

ယန်ချီလည်း ဒီဟစ်ကြွေးသံကြောင့် အံ့အားသင့်နေခဲ့တယ်။

ချက်ချင်းပင် သူက အင်ပါယာဟီယီနဲ့ စစ်သူကြီးတွေဆီကိုလျှောက်သွားခဲ့ပြီး လက်ထဲက နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ဦးခေါင်းကိုေ မြပြင်ပေါ်ပစ်ချလိုက်တယ်။

အင်ပါယာ ဟီယီနဲ့ စစ်သူကြီးတွေ အားလုံးက နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ဦးခေါင်းကို ကြည့်လိုက်ကြတယ်။ သူတို့တွေက နှင်းနယ်မြေနတ်ဆိုးအရှင်သေဆုံးမှုကြောင့် နဂါးတိုင်းပြည်ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး နတ်ဆိုးနယ်မြေဖြစ်တဲ့ နှင်းနယ်မြေနတ်ဆိုးလွင်ပြင်က တကယ်ကို ပျက်စီးသွားခဲ့ပါပြီ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now