တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်နေတာ သေချာနေပါပြီ။

“ဘာတွေ ဖြစ်နေလို့လဲ”

ရှောင်ရှန်းကလည်း အဆောတလျင်မေးလိုက်တယ်။

“ဟန်ချန်မှာ အလယ်အလတ်နတ်ဆိုးအရှင်လေး ပေါ်ထွက်လာလို့ပါ”

“ဘာ. .”

ရှောင်ရှန်းနဲ့ အခြားဆရာသခင်များစွာ က အံ့အားသင့်သွားခဲ့တယ်။

အလယ်အလတ်နတ်ဆိုးအရှင်လေးက ဟန်ချန်မှာ ပေါ်ထွက်လာတာလား။

“အရှင်ရှောင်ရှန်း မြန်မြန်ပြန်သွားမှာ ဖြစ်မယ်။ အလယ်အလတ်နတ်ဆိုးအရှင်လေးက အရူးအမူး သတ်ဖြတ်နေတာ.။ လူများစွာလည်းသေဆုံးကုန်ပြီ။ သွေးတွေကလည်း မြစ်အလား ပြန့်ကျဲနေတာ”

အဲ့ဒီသိုင်းပညာရှင်က ငိုကြွေးလုနီးပါး ဖြစ်နေခဲ့တယ်။

ရှောင်ရှန်းနဲ့ အခြားဆရာသခင်များစွာက ထိတ်လန့်သွားကြတယ်။ သူတို့တွေက ယန်ချီကို ချက်ချင်း ကြည့်လိုက်ကြပေမယ့် ယန်ချီက သူရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားတာကို မြင်လိုက်ကြတယ်။

. . . . ..

ဟန်ချန်မြို့တွင်း . .. ။

“ဘာ. . ”

ထိတ်လန့်ဖွယ်အသံတွေက အတော်အသတ်အောင်ကို ထွက်ပေါ်နေခဲ့တယ်။

သွေးညှိနံ့တွေကလည်း နေရာအနှံ့ကို ပျံ့နှံ့နေခဲ့တယ်။

လမ်းမများထက်မှာလည်း လက်မောင်းတွေ ခြေထောက်အပြတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။

မရေမတွက်နိုင်တဲ့ လူတွေက ခါးသီးစွာ ငိုကြွေးနေကြတယ်။

သူတို့တွေအနေနဲ့ မသေချင်သေးပါဘူး။

ဒါပေမယ့်လည်း သူတို့တွေအရှေ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အလယ်အလတ်နတ်ဆိုးအရှင်လေးက ရောက်နေတာဆိုတော့ သူတို့တွေ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ။

“ရူးမိုက်တဲ့ လူသားတွေ. မင်းတို့တွေက ဘာကို ကြောက်နေတာလဲ”

အလယ်အလတ်နတ်ဆိုးလေးက အေးစက်စက်ပြုံးပြီး ပြောဆိုနေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now