" မွေး​နေ့ လက်ဆောင်"

" အဲဒါ ကျွန်တော့်အတွက် တစ်ကယ်ကြီး"

" အင်း ကြိုက်ရဲ့လား"

ကျွန်​တော့်
မှာ ဘာမှပြန်မပြောနိုင်တော့။

ဒီလိုကားမျိုးကျွန်​တော့် လစာဆယ်
နှစ်စာလောက်ဆိုရင်တောင် ၀ယ်နိုင်မှာမဟုတ်ဘူး။ကိုသားကြီးနဲ့အစ်မ မဟေ
သီတို့ရဲ့Showroomကို သူသွားတိုင်း
ကျွန်​တော် ကလည်းအမြဲပါသည်မို့
မဝယ်နိုင်သည့် ကားတွေကိုလိုက်ကြည့်ရင်းCar Model တွေကိုနည်း နည်းပါးပါးတော့ သိနေပြီလေ။

သူကျွန်​တော့်ကို လက်ဆောင်ပေးတိုင်း
အဖြူရောင်​တွေပဲအများဆုံး ပေးတတ်
သည့်အတိုင်း BMW X6 White Colour။ဘေးမှာရပ်ထားတာက သူ
အလုပ်သွားရင်စီးတဲ့ကား Black
Colour။

နေရာမှာပဲ မလှုပ်မယှက်နဲ့ ငြိမ်ရပ်နေ
ဆဲဖြစ်သည့်ကျွန်​တော့်လက်ကို သူကပဲဆွဲကိုင်လျက် ကားအနား ခေါ်လာ​ပေး
သည်။

ကားမောင်းသူဘက်က တံခါးကိုဖွင့်ပြီး
ကျွန်​တော့်ကို အထဲသို့ဝင်ထိုင်
စေသည့်အချိန် ကျွန်​တော့်မှာ ငြိမ်သက်နေလျက်ပင် စိတ်နဲ့လူမကပ်နိုင်​သေး။

ပြီးတာနဲ့ တဖက်ခြမ်းကlover seat
မှာ သူက၀င်ထိုင်လို့​နေသည်အထိ
ကျနော့်မှာ ဘာစကားမှမပြောနိုင်။ ကျွန်တော်က ကားထက် ဆိုင်ကယ်စီး
ရတာကိုပိုကြိုက်ပေမယ့် ဒီလိုရ​တော့
လည်း မပျော်တဲ့သူဆိုတာ ရှိပါ့မလား။ကျွန်တော်လည်း ကားမောင်းသင်ချင်
နေတာပဲလေ။

ဒါပေမယ့်လည်း ဒါကြီးကတော့
တန်ဖိုးကြီးလွန်းပါတယ် ကျွန်တော်
လက်ခံဖို့မရဲဘူး။ကျွန်တော် နဲ့လည်းမလိုက်ဖက်ဘူး။

" အရင်ဆုံး ကားစက်နှိုးကြည့်​လိုက်"

သူသင်ပေးထားတာကို လက်တွေ့စမ်း
ခိုင်းနေ​သည်။

" ဘာဖြစ်​နေတာလဲ မျက်နှာ​လေးက
ကိုယ့်လက်​ဆောင်ကို သဘောမကျ
ဘူးလား"

" မဟုတ်ပါဘူး ကျွန်​တော်မှ ကားမောင်း
မတတ်တာ"

" အခုလည်းအခြေခံ​လောက် ရနေပြီ​
လေ ကျွမ်းလာအောင် ကိုယ်သင်ပေး
မှာပေါ့။ အလုပ်ပိတ်ရက်တိုင်း
ကားမောင်းသင်ကြမယ် ။ညဘက်လည်း သင်လို့ရတယ်"

Reward[Him From Final Year]Where stories live. Discover now