ကားထဲကနေ ကျွန်​တော်တို့ထွက်လာ
ကြသည့်အချိန်  ပတ်ဝန်းကျင်မှာ
အမှောင်ထုက ကြီးစိုးနေပြီး ဆောင်းလေအေးများကကျွန်​တော့် ဆီကိုပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။ ​ဆောင်း၀င်ခါစဆို​တော့ ​ရာသီဥတုက​
အေးစပြု​နေပြီ​လေ။

ခြံတစ်ခါး သွားပြန်ပိတ်နေတဲ့ သူကို
အိမ်တံခါးမကြီးရှေ့မှာ ရပ်စောင့်ရင်း
ကျွန်​တော်အိမ်ထဲကိုမြန်မြန်ဝင်ချင်​နေပြီ။
အိပ်ရာထဲမှာ စောင်ခြုံပြီးချက်ချင်း
သွားကွေး​နေ ချင်ပြီ​လေ
။ ညကလည်း နက်​၍နေပြီ​။

" ကိုကို အိမ်တံခါးမြန်မြန်ဖွင့်​ပေးတော့
ကျနော်ချမ်းနေပြီ"

ခြံတံခါး သွားပိတ်ပြီးတာနဲ့
ကိုစစ်​ကြောင်းက ကျနော့်ဆီကို
လျှောက်လာပြီးကျွန်​တော့် လက်တဖက်ကို ဆုပ်ကိုင်လာသည်။

" မွေးနေ့ လက်ဆောင်ယူမယ်ဆို"

" ယူမယ်လေ အိမ်ထဲရောက်ရင်ပေး
အခုအိမ်တံခါးဖွင့်ပေး​တော့ ကျွန်​တော်
ချမ်းနေပြီလို့"

အိမ်တံခါး ဖွင့်​ပေးမယ်ထင်​သော်လည်း
ကိုစစ်ကြောင်းကကျွန်​တော့် လက်ကို
ဆွဲပြီး အိမ်ဘေးဖက်ကို ပြန်လျှောက်လာသည်မို့ နားမလည်နိုင်ဘဲနဲ့သူဆွဲ
ခေါ်လာသည့်​​နောက်ကိုပဲလိုက်
လာရသည်။ ကျွန်​တော့်ကိုလက်ဆောင်
ပေးဖို့မဟုတ်ဘူးလား။ အိမ်ထဲမဝင်ဘဲနဲ့ ဘယ်ကိုသွားနေတာလဲ။

အိမ် ဘေးကမီးတွေပါပိတ်ထား
သည်မို့ ခြံထဲမှာ ခြံတံတိုင်းက မီး
အလင်း​ရောင်မှအပအလင်းမရှိသည်မို့
သူ့လက်ကိုပဲ ​သေချာဆုပ်ကိုင်ပြီး
လိုက်လာရသည်။အ​မှောင်ထု​ကြောင့် အောက်ခြေကိုသေချာမမြင်ရတာမို့
ဂရုစိုက်ပြီးလျှောက်နေတုန်း အိမ်ဘေး
မှာ အသစ်ဆောက်ထားသည့်
ကားရုံအရှေ့မှာ သူကရပ်လိုက်သည်။

ပြီးတာနဲ့ လက်ထဲကremote key
တစ်ခုကိုဖွင့်ပြီး သူနှိပ်လိုက်ချိန်
ထွက်လာသည့်ကားမြည်သံ​နောက်မှာ
ကားရှေ့မီးကလင်းလာသည်နှင့်အတူ
ကျွန်​တော်ကိုယ့်ပါးစပ်ကိုယ် လက်
နဲ့ပြန်ပိတ်မိတော့မတတ် ဖြစ်သွားတော့မတတ်ပင်။

တအားကြီး အံ့ဩသွားတာတော့
မဟုတ်ပေမယ့်ထင်​တော့ မထင်ထားဘူးလေ။

Reward[Him From Final Year]Where stories live. Discover now