"မကြောက်ပါနဲ့ ထယ်ရယ်..ကိုယ်ရှိတယ်နော်..မကြောက်နဲ့.."

ထယ့်ကို မကြောက်ဖို့ ပြောနေသော်လည်း သူကိုယ်တိုင်က မျက်ရည်များ ပါးပြင်ထက်တွင် နေရာယူပြီးခဲ့ပြီ။

ထိုအချိန် ဂျောင်ကုကိုယ်ကို ထိမှန်လာသည့် ရောင်ခြည်တမ်းတစ်ခု...

တဖြည်းဖြည်းနှင့် လက်များဟာ အငွေ့ပြန်ကာ ပျောက်ဆုံးကုန်သည်။ သို့သော် ထယ့်ကိုယ်လေးကိုတော့ လွတ်သွားမည့်အလား တင်းကျပ်စွာ ဖက်ထားဆဲ..

"ဟင်! ဂျွန်..ဘယ်လိုဖြစ်တာလဲ..? မဖြစ်ရဘူး! အဲ့လို မဖြစ်ရဘူး..!!"

ခပ်ဖွဖွပြုံးကာ ထယ့်မျက်ရည်တွေကို သုတ်ပေးလာသည့် ဂျွန်။

"မငိုပါနဲ့ ထယ်ရယ်..ကိုယ် ဘာမှ မဖြစ်ပါဘူး..ထယ့်ကို ကိုယ်အရမ်းချစ်တယ်နော်..အဲ့ဒါတစ်ခုလေးပဲ သိထားပေး.."

ထိုသို့ပြောကာ နှဖူးပေါ်သို့ ဖိကပ်နမ်းရှိုက်လာပြီးနောက် ထိုသူသည် ပျောက်ကွယ်သွားတော့သည်,

"မဟုတ်ဘူး ဂျွန်!! ကျွန်တော့်ကို မထားခဲ့ပါနဲ့..ကျွန်တော်လည်း ဂျွန့်ကို ချစ်တယ်လေ..!! အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို မထားခဲ့ပါနဲ့ဗျာ... တောင်းပန်ပါတယ်.."

ကံတရားဟာ ထိုငိုကျွေးနေသော ကောင်လေးဘက်မှာ ရှိမနေခဲ့ပါ...

အို~ အသင်လူသားငယ်..သင့်ရဲ့ နောက်ဆုံးဆုတောင်းက ဘာများဖြစ်မလဲ..?

The Last Wish....
.
.
.
.
.
Intro မှာတင် ငိုအောင်လုပ်တာ မဟုတ်ပါဘူးနော်..
ဒါလေးက ရေးကြည့်ချင်လို့ intro လေးပဲရင်တင်တာပါ..update တောင်းတာတွေများရင်တော့ နောက်တစ်ပိုင်း up ပေးပါ့မယ်..
မဟုတ်ရင်တော့ မ up သေးပါဘူး....
fic နှစ်ပုဒ်ခွရေးရင် အဆင်ပြေမှာစိုးလို့ပါ..
ဝေဖန်ပေးကြပါဦးနော်...

You've reached the end of published parts.

⏰ Last updated: Feb 12, 2023 ⏰

Add this story to your Library to get notified about new parts!

The Last Wish (ongoing)Where stories live. Discover now