“ယန်ချီ ရှင် သူတို့ကို ဘာပြမလို့လဲ”

ဆရာတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ခဏအကြာမှာတော့ ဆရာတစ်ယောက်က ယန်ချီကိုပြောလိုက်တယ်။

“ကောင်းပြီလေ။ ထုတ်လိုက်”

“ဒီနေရာမှာ အဆင်မပြေဘူး။ ဘယ်သူမှ မရှိတဲ့ နေရာတစ်ခု ရှာလိုက်”

တန်းစီနေတဲ့ ကျောင်းသားသစ်တွေက ယန်ချီနဲ့ သိုင်းအရှင်သခင်အဆင့် ဆရာတွေကြားက စကားကို နားထောင်နေကြတယ်။

သူတို့တွေက ယန်ချီနဲ့ စုရွှင်းအာကို တန်းပြန်လာစီလိမ့်မယ်လို့ အစောပိုင်းက တွေးထားပေမယ့် အခုတော့ သူတို့ထင်တဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။

“ဒါဆိုရင် ငါနဲ့ လိုက်ခဲ့”

အဲ့ဒီနောက် သိုင်းအရှင်သခင်အဆင့် ဆရာတစ်ယောက်က ယန်ချီနဲ့ စုရွှင်းအာကို ဝင်ပေါက်ဆီကို ခေါ်သွားခဲ့ပါတယ်။

အခြားဆရာနှစ်ယောက်ကလည်း သူတို့နောက်ကနေ လိုက်လာခဲ့ပါတယ်။ သူတို့တွေက ယန်ချီကို အလွန်လျှို့ဝှက်ဆန်းကြယ်သူလို့ ခံစားမိနေခဲ့ပါတယ်။ သူတို့ကို ယန်ချီပြသမယ့် ပစ္စည်းကို မမြင်ခဲ့ရရင် ဝမ်းနည်းဖို့ ကောင်းမှာ ဖြစ်ပါတယ်။

သိုင်းအရှင်သခင်အဆင့် ဆရာများစွာက ယန်ချီနဲ့ စုရွှင်းအာကို ဘယ်သူမှ မရှိတဲ့ နေရာတစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။

“မင်း အခု ထုတ်လို့ရပြီလား”

စုရွှင်းအာက ယန်ချီကို ကြည့်လိုက်ပြီး ယန်ချီ ဘာပြချင်လဲဆိုတာကို သိချင်နေခဲ့ပါတယ်။

ယန်ချီလဲ ဆရာရဲ့ ပြောစကားကို ကြားတဲ့အခါ ကြယ်တစ်ပွင့် မိုးပျံနဂါးတံဆိပ်ပြားကို ထုတ်ယူလိုက်တယ်။

ကြယ်တစ်ပွင့်မိုးပျံနဂါးတံဆိပ်ပြားကို အနက်ရောင်ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီတံဆိပ်ပြားဆီကနေ လွှမ်းမိုးလွန်းတဲ့ အရှိန်အဝါကိုထုတ်လွှတ်နေတာကြောင့်လူတွေကို ကြောက်ရွံ့စေပါတယ်။

ယန်ချီက ကြယ်တစ်ပွင့်မိုးပျံတံဆိပ်ပြားကို ထုတ်ယူလိုက်တဲ့အချိန်မှာ စုရွှင်းအာနဲ့ သိုင်းအရှင်သခင်အဆင့် ဆရာများစွာက ရုတ်တရက် ကျောက်ရုပ်အလား ဖြစ်သွားကြပြီး စကားပြောစရာ မရှိ ဖြစ်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now