တကယ်တော့ သူ့အနေနဲ့ သူတို့ကို ကာကွယ်နိုင်ဖို့ ယုံကြည်ချက် ရှိပါတယ်။

အဲ့ဒီလိုမှ မဟုတ်ရင် သူက ကျန်းဇန်နဲ့ကျန်းတျန်းကို ဒီလို အန္တရယ်ထဲ တွန်းပို့မှာ မဟုတ်ပါဘူး။

သူက သူ့ရဲ့ လက်ဖဝါးကို ဖြန့်လိုက်တော့ ထောင်ဒီနှစ်ကောင်ရဲ့ စွမ်းအားက လက်ဖဝါးပေါ်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။

“ဘာ. . ဘာ. . .”

ကျန်းဇန်နဲ့ ကျန်းတျန်းတို့နှစ်ယောက်က ယန်ချီရဲ့ လက်ဝါးပေါ်က ထောင်ဒီနှစ်ကောင်ရဲ့ စွမ်းအားကို ကြည့်လိုက်ပြီး ကြောက်ရွံ့တယ်လို့ ခံစားမိလိုက်ပါတယ်။

“ထောင်ဒီနှစ်ကောင်ရဲ့ စွမ်းအား အလယ်အလတ် သိုင်းအရှင်သခင် အဆင့်”

ကျန်းဇန်က စိတ်လှုပ်ရှားစွာ အော်မိလိုက်ပါတယ်။

သူ့အနေနဲ့ ယန်ချီက အလယ်အလတ်သိုင်းအရှင်သခင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ လုံးဝမတွေးမိပါဘူး။ ယန်ချီက သူ့မြေးမရဲ့ အရွယ်ပဲ ရှိသေးတာလေ။

ကျန်းတျန်းလည်း အံ့သြမှင်တပ်နေခဲ့ပြီး ကြောင်အမ်းနေခဲ့ပါတယ်။

“အလယ်အလတ် သိုင်းအရှင်သခင် အဆင့်လား”

“သူက တကယ်ကို အလယ်အလတ်သိုင်းအရှင်သခင်အဆင့်လား”

“မင်း . . မင်း . . မင်းက တကယ်ကို အလယ်အလတ်သိုင်းအရှင်သခင်အဆင့်ပဲ”

ကျန်းဇန်က ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့ပါတယ်။

“အင်း..  ဒါကြောင့် ခင်ဗျားတို့တွေ နတ်ဆိုးမိစ္ဆာတွေ ထွက်လာအောင် ဆွဲဆောင်ပေးပါ ဟုတ်ပြီးလား”

ယန်ချီက ကျန်းဇန်နဲ့ ကျန်းတျန်းကို ပြေးညှင်းစွာ ပြောလိုက်ပါတယ်။

သူ့အနေနဲ့ ဒီလို ကိစ္စမျိုးကို အတင်းတိုက်တွန်းပြီး လုပ်စေဖို့ မကောင်းမှန်း သိပါတယ်။

ဒါပေမယ့်လည်း အခုတော့ သူ မလုပ်ချင်ပေမယ့် လုပ်ရတော့မှာပါ။

ကျန်းဇန်က တံတွေးကို ပြန်မြိုချလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now