လူတိုင်းရဲ့ မျက်လုံးအစုံက သူတို့တသက်တာမှာ အပြူးကျယ်ဆုံး ဖြစ်နေခဲ့ပါတယ်။ သူတို့ရဲ့ မျက်နှာထက်မှာတော့ မယုံကြည်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။

ဘိုးဘေးဆရာ အဆင့်ဆိုတာ လူသားတွေရဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။

လူတွေရဲ့ အုပ်ချုပ်သူ အင်ပါယာက ဒေါသထွက်သွားယ်ဆိုရင် သောင်းချီတဲ့ အလောင်းတွေ မြေပြင်မှာ ပုံကျသွားနိုင်ပါတယ်။

သူက ပြိုင်ဖက်ကင်းပြီး ကြောက်မယ်ဖွယ်ကောင်းတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

မီတာရာချီမြင့်မားတဲ့ အနက်ရောင်စစ်ရထားပေါ်မှာ ထိုင်နေတဲ့ ခေါင်းသုံးလုံး နတ်ဆိုးအရှင်က ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေတဲ့ မိုးပျံနဂါးရဲ့ စွမ်းအားကို မြင်လိုက်ပါတယ်။ ယန်ချီရဲ့ ခေါင်းပေါ်မှာလည်း မိုးကြိုးလုံး ငါးလုံးလို တည်ရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့် ခေါင်းသုံးလုံးနတ်ဆိုးက မြီးနှောက်ရိုးကနေ နဖူးပြင်ထိ အေးစက်မှုကို ခံစားလိုက်ရပါတယ်။

ယန်ချီလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ အလျင်နဲ့ သူ့ဆီကို ချဉ်းကပ်သွားခဲ့ပါတယ်။

“အဲ့ဒီလူသားအရှင်(ဘိုးဘေးဆရာအဆင့်) ကို မြန်မြန်သတ်ကြစမ်း မြန်မြန်သတ်. . .”

ခေါင်းသုံးလုံးနတ်ဆိုးက ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်။

နတ်ဆိုးမိစ္ဆာတွေက တျန်းဘေးခံစစ်ကြောင်းမှာ လူသားအရှင်တစ်ယောက် ရှိနေမယ်လို့ လုံးဝကို မတွေးထားခဲ့မိပါဘူး။

တျန်းဘေခံစစ်တံတိုင်းပေါ်က စုရွှင်းအာရဲ့ ချောမွေ့တဲ့ မျက်နှာထက်မှာ အလွန်တရာအံ့အားသင့်မှုတွေ ပြည့်နှက်နေခဲ့ပြီး သူမရဲ့ မျက်လုံးအစုံကလည်း ပြူးကျယ်နေခဲ့ပါတယ်။

သူမက ယန်ချီ သူမကို ပြောခဲ့တာကို ပြန် အမှတ်ရလိုက်ပါတယ်။

“ဒီစစ်ပွဲကြီးစတာနဲ့ ငါ ခေါင်းသုံးလုံး နတ်ဆိုးအရှင်ကို သတ်ပစ်လိုက်မယ်။ ငါ ပြောတာ မင်းယုံလား”

အဲ့ဒီအချိန်တုန်းက သူမအနေနဲ့ မယုံကြည်ခဲ့ပါဘူး။

ဒါပေမယ့် အခုတော့ ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ မိုးပျံနဂါးရဲ့ စွမ်းအားတွေ လှည့်ပတ်နေတာကို ကြည့်ပြီး သူမ မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now